ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဝက်ဟမ်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ လီဗာပူးနဲ့ ဝက်ဟမ်းပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ဝက်ဟမ်း Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁၁)
နိုဝင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
မြန်မာစံတော်ချိန် ည ၁၁ နာရီ။
အိုဝင်၏ သုံးသပ်ချက် ။ ။ ဝက်ဟမ်းက ပိုပိုပြီး ကောင်းလာနေဆဲပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရိုက်ထက် ပိုကောင်းကောင်း ကစားနေတဲ့ ကွင်းလယ်လူတွေလည်း အများကြီး မရှိပါဘူး။ ကျနော် စောင့်ကြည့်ဖြစ်တိုင်းကို သူက ပိုကောင်းလာနေပြီး သူ့အသင်းအတွက် လုံ့ဆော်မှုတွေ ပေးနေပါတယ်။
ဘရိုက်တန်ကို ရင်ဆိုင်ပြီး စိတ်ပျက်စရာ သရေရလဒ်အပြီးမှာ လီဗာပူးက တီကိုကို ထူးထူးချွန်ချွန် ရင်ဆိုင်ကစားခဲ့တယ်။ ထရန့်ရဲ့ ဂိုးထောက်ပံ့မှု နှစ်ကြိမ်နဲ့အတူ သူက အကောင်းဆုံး ကစားခဲ့ပြီး ပထမတစ်ကြိမ် ပေးချက်က အတော်လေးကို ကောင်းပါတယ်။
ပြောရခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ဒါပေမယ့်လို့ ဒီအခြေအနေမှာ ကျနော်က လီဗာပူး ကစားနေတဲ့ နည်းလမ်းကို တကယ်ပဲ ကြိုက်မိပါတယ်။ လီဗာပူးက လန်ဒန်ကနေ အနိုင်နဲ့ ပြန်ထွက်နိုင်မယ်ထင်ပါတယ်။ ကျနော်အတွက်တော့ လီဗာပူး အနိုင်ပါပဲ။
အိုဝင် ခန့်မှန်းရလဒ်။ ။ ဝက်ဟမ်း ၁-၂ လီဗာပူး
ZAWGYI
ဝက်ဟမ်း Vs လီဗာပူး
အိုဝင် ခန့်မှန်းရလဒ်။ ။ ဝက်ဟမ်း ၁-၂ လီဗာပူး