တီကိုပွဲမှာ တံကောက်ကြော ထိသွားတဲ့ ဖာမင်နိုရဲ့ အခြေအနေ

ဘော်ဘီကိစ္စက သတင်းကောင်း မဟုတ်ပါဘူး။ ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာ ရခဲ့တာပါ။ တကယ်ကို ကံဆိုးတာပါ။ အချိန်ဘယ်လောက်ကြာကြာ နားရမယ်ဆိုတာ အတိအကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ဒါပေမယ့်လို့ နိုင်ငံတကာ သီတင်းပတ်အပြီးမှာတောင် ပြန်သက်သာလာဖို့ မရှိဘူး။

ဖာမင်နိုကို ဆုံးရှုံးရတာက ထိခိုက်မှုပါ။ နှစ်ရက်လောက်အကြာမှာ ဒဏ်ရာက ပြင်းထန်တယ်ဆိုတာ ကျနေ်ာတိ့ သိခဲ့တယ်။ သီတင်းပတ်တွေကြာအောင် အနားယူရမှာဖြစ်တယ်။ ကျနေ်ာတို့ ထင်တာတော့ လေးပတ်ထက် ပိုကြာပါမယ်။ ဒီဒဏ်ရာကို ပြင်းထန်တဲ့ ဒဏ်ရာအဖြစ် ကျနော် မြင်ပါတယ်။ ပြီးရင်တေ့ာ ကြည့်ရမှာပေါ့။ ဘော်ဘီက သက်သာမြန်ပါတယ်။

တီကိုပွဲ မတိုင်ခင် ဒဏ်ရာရကြတဲ့ ကာတစ်နဲ့ ဂိုးမက်စ် အခြေအနေ

ကာတစ်ကတော့ နိုင်ငံတကာ သီတင်းပတ်အပြီးမှ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ သူ့မျက်လုံးထဲ လက်ဝင်သွားခဲ့ပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ကိစ္စပါ။ သူ့ကို လေ့ကျင့်ရေးဝင်ခွင့် မပေးထားပါဘူး။ ဒါပေမယ့် သူ ပြန်သက်သာလာမှာပါ။ ဂိုးမက်စ်ကလည်း နိုင်ငံတကာ သီတင်းပတ်အပြီး သိပ်မကြာခင် ပြန်ကစားနိုင်ပါလိမ့်မယ်။

ကိတ်တာ၊ မီလ်နာတို့ရဲ့ တံကောက်ကြော ဒဏ်ရာ အခြေအနေ

ကိတ်တာနဲ့ မီလ်နာတို့ကိုလည်း နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်သက်သာလာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အတိအကျရယ်တော့ မသိသေးပါဘူး။ သူတို့ အဲ့အချိန် ပြန်လာမယ်လို့ ကျနော် ကတိမပေးနိုင်ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားနေပါတယ်။

ZAWGYI

တီကိုပြဲမွာ တံေကာက္ေၾကာ ထိသြားတဲ့ ဖာမင္ႏုိရဲ႕ အေျခအေန

ေဘာ္ဘီကိစၥက သတင္းေကာင္း မဟုတ္ပါဘူး။ ျပင္းထန္တဲ့ တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့တာပါ။ တကယ္ကို ကံဆိုးတာပါ။ အခ်ိန္ဘယ္ေလာက္ၾကာၾကာ နားရမယ္ဆိုတာ အတိအက် က်ေနာ္တို႔ မေျပာႏိုင္ေသးဘူး။ ဒါေပမယ့္လို႔ ႏိုင္ငံတကာ သီတင္းပတ္အၿပီးမွာေတာင္ ျပန္သက္သာလာဖို႔ မရွိဘူး။

ဖာမင္ႏိုကို ဆံုးရွံဳးရတာက ထိခိုက္မႈပါ။ ႏွစ္ရက္ေလာက္အၾကာမွာ ဒဏ္ရာက ျပင္းထန္တယ္ဆိုတာ က်ေန္ာတိ႔ သိခဲ့တယ္။ သီတင္းပတ္ေတြၾကာေအာင္ အနားယူရမွာျဖစ္တယ္။ က်ေန္ာတို႔ ထင္တာေတာ့ ေလးပတ္ထက္ ပိုၾကာပါမယ္။ ဒီဒဏ္ရာကို ျပင္းထန္တဲ့ ဒဏ္ရာအျဖစ္ က်ေနာ္ ျမင္ပါတယ္။ ျပီးရင္ေတ့ာ ၾကည့္ရမွာေပါ့။ ေဘာ္ဘီက သက္သာျမန္ပါတယ္။

တီကိုပြဲ မတိုင္ခင္ ဒဏ္ရာရၾကတဲ့ ကာတစ္နဲ႔ ဂိုးမက္စ္ အေျခအေန

ကာတစ္ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွ ျပန္လာႏုိင္မွာ ျဖစ္ပါတယ္။ သူ႔မ်က္လံုးထဲ လက္ဝင္သြားခဲ့ပါတယ္။ တကယ္ကို ထူးဆန္းတဲ့ ကိစၥပါ။ သူ႔ကို ေလ့က်င့္ေရးဝင္ခြင့္ မေပးထားပါဘူး။ ဒါေပမယ့္ သူ ျပန္သက္သာလာမွာပါ။ ဂိုးမက္စ္ကလည္း ႏုိင္ငံတကာ သီတင္းပတ္အျပီး သိပ္မၾကာခင္ ျပန္ကစားႏုိင္ပါလိမ့္မယ္။

ကိတ္တာ၊ မီလ္နာတို႔ရဲ႕ တံေကာက္ေၾကာ ဒဏ္ရာ အေျခအေန

ကိတ္တာနဲ႔ မီလ္နာတို႔ကိုလည္း ႏုိင္ငံတကာ သီတင္းပတ္အျပီး ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္ အတိအက်ရယ္ေတာ့ မသိေသးပါဘူး။ သူတို႔ အဲ့အခ်ိန္ ျပန္လာမယ္လို႔ က်ေနာ္ ကတိမေပးႏုိင္ပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ၾကိဳးစားေနပါတယ္။