ဒီဇင်ဘာ ပွဲကြပ်အစကိုတော့ လီဗာပူးအသင်းက အဲဗာတန်ကို အဝေးကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရင်ဆိုင်ရတဲ့ မာဆေးဆိုဒ် ဒါဘီပွဲနဲ့ ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီဇင်ဘာ ၂ရက်၊ ကြာသပတေးနေ့ နံနက် ၂း၄၅ နာရီမှာ ယှဉ်ပြိုင် ကြရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ ဒါဘီပွဲနဲ့ ပတ်သတ်ပြီး အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ပြီးခဲ့တဲ့ ရာသီက ဒီလိုပွဲမှာပဲ ဗာဂျေး ဗန်ဒိုက် ဒဏ်ရာ ရသွားခဲ့တာပါ။ ဒီတော့ ဒီ ဗုဒ္ဓဟူးညမှာလည်း ပုံမှန် ဒါဘီတွေထက် နည်းနည်း ပိုကြမ်းတဲ့ ပွဲမျိုး မြင်ရနိုင်ပါတယ်။ ပွဲကို ဘယ်လိုပဲ ကြည့်ကြည့် လီဗာပူးကတော့ နိုင်ဖို့ အကြိုက်တွေ့ကြပါလိမ့်မယ်။

အဲဗာတန်က စက်တင်ဘာ လကုန်တည်းက စလို့ နိုင်ပွဲ မရသေးပါဘူး။ တနင်္ဂနွေနေ့က သူတို့နဲ့ ဘရန့်ဖို့ဒ်ပွဲကို ကျနော် ကြည့်လိုက်ပါသေးတယ်။ သူတို့ ကြည့်ရတာ ဂိုးသွင်းမယ့် အသင်း ပုံကို မထွက်ဘူး။ ဘရန့်ဖို့ဒ်ကတောင် နောက်ထပ် ၁ဂိုး ၂ဂိုးလောက် သွင်း နိုင်သွား နိုင်သေးတယ်။

ဘင်နီတက်ဇ်ကတော့ သူ့ခံစစ်က လူတွေ ထိန်းထားနိုင်ဖို့သာ မျှော်လင့်ရမှာပါပဲ။ ဒါပေမယ့် လုပ်နိုင်မယ်တော့ ကျနော် မထင်ဘူး။ အထူးသဖြင့် အဲဗာတန်က လုပ်ပြနိုင်တာ သိပ်နည်းတဲ့ အနေအထား ရှိနေတယ်။ ပွဲထဲမှာ အသက်ရှုချိန်တောင် ရဖို့ မလွယ်ဘူး။

ဒါဘီပွဲတွေ အကြောင်း ပြောရင် အမှတ်ပေးဇယားမှာ ဘယ်အသင်းက အပေါ် ဘယ်အသင်းက အောက်မှာ ဆိုတာ သိပ် အရေးပါလေ့တော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့ခံ ပြိုင်ဘက်တွေနဲ့ တွေ့ရင် သူတို့လည်း တခြားပွဲတွေနဲ့ မတူညီမှု ခံစားကြရတယ်။ ဒါပေမယ့် အင်အားသိပ်တောင့်နေတဲ့ လီဗာပူး အရည်အသွေးကြောင့် အဲဗာတန် သိပ်ကြီး လုပ်နိုင်မယ် မထင်ပါဘူး။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်း ရလဒ်ကတော့ အဲဗာတန် ဝ-၂ လီဗာပူး ဖြစ်ပါတယ်။

Zawgyi

ဒီဇင္ဘာ ပြဲၾကပ္အစကိုေတာ့ လီဗာပူးအသင္းက အဲဗာတန္ကို အေဝးကြင္း ဂြတ္ဒီဆင္ပါ့ခ္မွာ သြားရင္ဆိုင္ရတဲ့ မာေဆးဆိုဒ္ ဒါဘီပြဲနဲ႕ ဖြင့္ရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီဇင္ဘာ ၂ရက္၊ ၾကာသပေတးေန႔ နံနက္ ၂း၄၅ နာရီမွာ ယွဥ္ျပိဳင္ ၾကရမွာပါ။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးက အဲဗာတန္နဲ႕ လီဗာပူးတို႔ရဲ႕ ဒါဘီပြဲနဲ႕ ပတ္သတ္ျပီး အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ျပီးခဲ့တဲ့ ရာသီက ဒီလိုပြဲမွာပဲ ဗာေဂ်း ဗန္ဒိုက္ ဒဏ္ရာ ရသြားခဲ့တာပါ။ ဒီေတာ့ ဒီ ဗုဒၶဟူးညမွာလည္း ပံုမွန္ ဒါဘီေတြထက္ နည္းနည္း ပိုၾကမ္းတဲ့ ပြဲမ်ိဳး ျမင္ရနိုင္ပါတယ္။ ပြဲကို ဘယ္လိုပဲ ၾကည့္ၾကည့္ လီဗာပူးကေတာ့ နုိင္ဖို႔ အၾကိဳက္ေတြ႔ၾကပါလိမ့္မယ္။

အဲဗာတန္က စက္တင္ဘာ လကုန္တည္းက စလို႔ နိုင္ပြဲ မရေသးပါဘူး။ တနဂၤေႏြေန႔က သူတို႔နဲ႕ ဘရန္႔ဖို႔ဒ္ပြဲကို က်ေနာ္ ၾကည့္လိုက္ပါေသးတယ္။ သူတို႔ ၾကည့္ရတာ ဂိုးသြင္းမယ့္ အသင္း ပံုကို မထြက္ဘူး။ ဘရန္႔ဖို႔ဒ္ကေတာင္ ေနာက္ထပ္ ၁ဂိုး ၂ဂိုးေလာက္ သြင္း နုိင္သြား နိုင္ေသးတယ္။

ဘင္နီတက္ဇ္ကေတာ့ သူ႔ခံစစ္က လူေတြ ထိန္းထားနိုင္ဖို႔သာ ေမွ်ာ္လင့္ရမွာပါပဲ။ ဒါေပမယ့္ လုပ္နိုင္မယ္ေတာ့ က်ေနာ္ မထင္ဘူး။ အထူးသျဖင့္ အဲဗာတန္က လုပ္ျပနိုင္တာ သိပ္နည္းတဲ့ အေနအထား ရွိေနတယ္။ ပြဲထဲမွာ အသက္ရႈခ်ိန္ေတာင္ ရဖို႔ မလြယ္ဘူး။

ဒါဘီပြဲေတြ အေၾကာင္း ေျပာရင္ အမွတ္ေပးဇယားမွာ ဘယ္အသင္းက အေပၚ ဘယ္အသင္းက ေအာက္မွာ ဆိုတာ သိပ္ အေရးပါေလ့ေတာ့ မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ျမိဳ႕ခံ ျပိဳင္ဘက္ေတြနဲ႕ ေတြ႔ရင္ သူတို႔လည္း တျခားပြဲေတြနဲ႕ မတူညီမႈ ခံစားၾကရတယ္။ ဒါေပမယ့္ အင္အားသိပ္ေတာင့္ေနတဲ့ လီဗာပူး အရည္အေသြးေၾကာင့္ အဲဗာတန္ သိပ္ၾကီး လုပ္နိုင္မယ္ မထင္ပါဘူး။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္း ရလဒ္ကေတာ့ အဲဗာတန္ ဝ-၂ လီဗာပူး ျဖစ္ပါတယ္။