စကိုင်းစပေါ့မှ သုံးသပ်သူ ပေါလ်မာဆန်က လီဗာပူးတိုက်စစ်သမား ဂျိုတာအပေါ် သူ့ရဲ့ အကဲဖြတ်မှုက မှားယွင်းခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

မနှစ်က စက်တင်ဘာမှာ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ပေါ်တူဂီသား တိုက်စစ်သမားဟာ လက်ရှိအချိန်မှာ အသင်းအတွက် ၂၁ ဂိုးထိ ရယူပေးထားပါပြီ။ သူဟာ တိုက်စစ် သုံးယောက်တန်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ်လည်း ယုံကြည်ခြင်း ခံလာနေရပြီး ပရိသတ်ကြိုက် ကစားသမား၊ ဝေဖန်ရေးသမားတွေ အကြိုက် ကစားသမားပါ ဖြစ်လာနေခဲ့ပြီဖြစ်ပါတယ်။

” လီဗာပူးကို စဝင်လာချိန်တုန်းက ကျနော် သူ့ကို သဘောကျခဲ့တယ်။ ဝုဗ်မှာတည်းက သူက ကစားသမားကောင်းတစ်ယောက်လို့ တွေးမိခဲ့တာပါ။ လီဗာပူးမှာတော့ သူ ကစားနိုင်မယ်လို့ မထင်ခဲ့ဘူး။ ဖာမင်နိုရှိနေတဲ့ လီဗာပူးမှာ ကျော်ပြီး ကစားခွင့်ရမယ် မမြင်ခဲ့ဘူး။

ဖာမင်နို မကစားနိုင်ချိန်မှာ ဂျိုတာ ကစားခွင့်ရလာပြီး သူ့ရဲ့ အသားကျသွားပုံက နှင်းတွေထက်တောင် မြန်သေးတယ်လို့ ရိုးရိုးသားသား ပြောလိုပါတယ်။ သူက တကယ်ကို ထူးချွန်ခဲ့ပြီး အဲ့ပုံစံအတိုင်းပဲ ဆက်ပြီးလည်း ထူးချွန်နေဆဲဖြစ်ပါတယ် ” လို့ ပေါလ်မာဆန်က မှတ်ချက်ပေးခဲ့တာပါ။

လီဗာပူးကစားသမားဟောင်း မာဖီကလည်း ဂျိုတာရဲ့ ပုံစံကောင်းတွေကြောင့် လီဗာပူးပရိသတ်တွေကြားမှာ ကာလရှည် ဒဏ်ရာရနေတဲ့ ဖာမင်နိုကိုယ်တောင် မေ့နေကြတာကို ထောက်ပြခဲ့ပါသေးတယ်။

မာဖီကလည်း “ ရေရှည် အောင်မြင်အတွက်ဆိုရင် ဆာလာ၊ မာနေး၊ ဖာမင်နိုနေရာ အစားထိုးမှုတွေ လုပ်နိုင်ဖို့ လိုပါတယ်။ ဂျိုတာက လီဗာပူး လူစာရင်းထဲ ဝင်လာပြီး ကလပ်ရဲ့ အကောင်းဆုံး တိုက်စစ်သမား သုံးယောက်က ဘယ်သူလဲဆိုတာကို မေးမြန်းမှုတွေ ဖြစ်စေခဲ့သူပါ။

သူက လီဗာပူးကို ဝင်ရောက်လာပြီ ဂိုးတွေ ဆက်တိုက် သွင်းနေတယ်။ ဖာမင်နိုကို ကာလတစ်ခုကြာ ဒဏ်ရာကြောင့် လက်လွတ်ထားရပေမယ့်လို့ ဂျိုတာရဲ့ ပုံစံကောင်းတွေကြောင့် ဘယ်သူကမှ ဖာမင်နိုအကြောင်း စကားမပြောဖြစ်ကြပါဘူး ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ သံုးသပ္သူ ေပါလ္မာဆန္က လီဗာပူးတိုက္စစ္သမား ဂ်ိဳတာအေပၚ သူ႔ရဲ႕ အကဲျဖတ္မႈက မွားယြင္းခဲ့တယ္ဆိုတာကို ဝန္ခံခဲ့ပါတယ္။

မႏွစ္က စက္တင္ဘာမွာ လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ေပၚတူဂီသား တိုက္စစ္သမားဟာ လက္ရွိအခ်ိန္မွာ အသင္းအတြက္ ၂၁ ဂိုးထိ ရယူေပးထားပါျပီ။ သူဟာ တိုက္စစ္ သံုးေယာက္တန္းရဲ႕ အဓိက အစိတ္အပိုင္းအျဖစ္လည္း ယံုၾကည္ျခင္း ခံလာေနရျပီး ပရိသတ္ၾကိဳက္ ကစားသမား၊ ေဝဖန္ေရးသမားေတြ အၾကိဳက္ ကစားသမားပါ ျဖစ္လာေနခဲ့ျပီျဖစ္ပါတယ္။

” လီဗာပူးကို စဝင္လာခ်ိန္တုန္းက က်ေနာ္ သူ႔ကို သေဘာက်ခဲ့တယ္။ ဝုဗ္မွာတည္းက သူက ကစားသမားေကာင္းတစ္ေယာက္လို႔ ေတြးမိခဲ့တာပါ။ လီဗာပူးမွာေတာ့ သူ ကစားႏုိင္မယ္လို႔ မထင္ခဲ့ဘူး။ ဖာမင္ႏိုရွိေနတဲ့ လီဗာပူးမွာ ေက်ာ္ျပီး ကစားခြင့္ရမယ္ မျမင္ခဲ့ဘူး။

ဖာမင္ႏို မကစားႏုိင္ခ်ိန္မွာ ဂ်ိဳတာ ကစားခြင့္ရလာျပီး သူ႔ရဲ႕ အသားက်သြားပံုက ႏွင္းေတြထက္ေတာင္ ျမန္ေသးတယ္လို႔ ရိုးရိုးသားသား ေျပာလိုပါတယ္။ သူက တကယ္ကို ထူးခၽြန္ခဲ့ျပီး အဲ့ပံုစံအတိုင္းပဲ ဆက္ျပီးလည္း ထူးခၽြန္ေနဆဲျဖစ္ပါတယ္ ” လို႔ ေပါလ္မာဆန္က မွတ္ခ်က္ေပးခဲ့တာပါ။

လီဗာပူးကစားသမားေဟာင္း မာဖီကလည္း ဂ်ိဳတာရဲ႕ ပံုစံေကာင္းေတြေၾကာင့္ လီဗာပူးပရိသတ္ေတြၾကားမွာ ကာလရွည္ ဒဏ္ရာရေနတဲ့ ဖာမင္ႏိုကိုယ္ေတာင္ ေမ့ေနၾကတာကို ေထာက္ျပခဲ့ပါေသးတယ္။

မာဖီကလည္း “ ေရရွည္ ေအာင္ျမင္အတြက္ဆိုရင္ ဆာလာ၊ မာေနး၊ ဖာမင္ႏိုေနရာ အစားထိုးမႈေတြ လုပ္ႏုိင္ဖို႔ လိုပါတယ္။ ဂ်ိဳတာက လီဗာပူး လူစာရင္းထဲ ဝင္လာျပီး ကလပ္ရဲ႕ အေကာင္းဆံုး တိုက္စစ္သမား သံုးေယာက္က ဘယ္သူလဲဆိုတာကို ေမးျမန္းမႈေတြ ျဖစ္ေစခဲ့သူပါ။

သူက လီဗာပူးကို ဝင္ေရာက္လာျပီ ဂိုးေတြ ဆက္တိုက္ သြင္းေနတယ္။ ဖာမင္ႏုိကို ကာလတစ္ခုၾကာ ဒဏ္ရာေၾကာင့္ လက္လြတ္ထားရေပမယ့္လို႔ ဂ်ိဳတာရဲ႕ ပံုစံေကာင္းေတြေၾကာင့္ ဘယ္သူကမွ ဖာမင္ႏိုအေၾကာင္း စကားမေျပာျဖစ္ၾကပါဘူး ” လို႔ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။