ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ကြားရက်တုန်းကပဲ ကာရာဘောင်း ကွာတားဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားထားတဲ့ လက်စတာကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လက်စတာအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေပြီး လီဗာပူးအသင်းမှာတော့ ကိုဗစ်ကနေ ပြန်သက်သာလာတဲ့ ကစားသမားတွေ ရှိနေတယ်။ ဒီပွဲက လက်စတာအိမ်ကွင်းဖြစ်တာကြောင့် ပြိုင်ဘက်အသင်းက ခံစစ်ကို အထိုင်ထားကစားဖို့ မရှိဘဲ တန်ပြန်တိုက်စစ်တွေကို အသားပေးလာမယ်လို့ ယူဆရပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ လက်စတာပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လက်စတာ Vs လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁၉)
ဒီဇင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ။

လော်ရိုး၏ သုံးသပ်ချက် ။ ။ တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ရင်ဆိုင်ကစားရာမှာ လက်စတာက တိုက်စစ်သမားပုံ ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ ခံစစ်က ပွင့်လွန်းနေပါတယ်။

အေးဆေးကို ဂိုးသွင်းနေတဲ့ လီဗာပူးလို အသင်းကို ရင်ဆိုင်ကစားရမယ့် ပွဲဆိုတာ ကလပ်တွေ နောက်ဆုံးမှ ဖြစ်ချင်တဲ့ ကိစ္စပါ။ လက်စတာက ဒဏ်ရာပြဿနာတွေ ရှိနေတာကလည်း ဒီပွဲမှာ အပြောင်းအလဲတွေလုပ်ဖို့ သူတို့အတွက် ခက်ခဲနေမှာပဲ ဖြစ်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လက်စတာ ဝ-၂ လီဗာပူး

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ၾကားရက္တုန္းကပဲ ကာရာေဘာင္း ကြာတားဖိုင္နယ္အျဖစ္ ယွဥ္ျပိဳင္ကစားထားတဲ့ လက္စတာကို အေဝးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

လက္စတာအသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားေနျပီး လီဗာပူးအသင္းမွာေတာ့ ကိုဗစ္ကေန ျပန္သက္သာလာတဲ့ ကစားသမားေတြ ရွိေနတယ္။ ဒီပြဲက လက္စတာအိမ္ကြင္းျဖစ္တာေၾကာင့္ ျပိဳင္ဘက္အသင္းက ခံစစ္ကို အထုိင္ထားကစားဖို႔ မရွိဘဲ တန္ျပန္တိုက္စစ္ေတြကို အသားေပးလာမယ္လို႔ ယူဆရပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးကေတာ့ လီဗာပူးနဲ႔ လက္စတာပြဲ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လက္စတာ Vs လီဗာပူး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၉)
ဒီဇင္ဘာလ ၂၉ ရက္၊ ဗုဒၶဟူးေန႔။
ျမန္မာစံေတာ္ခ်ိန္ နံနက္ ၂း၃၀ နာရီ။

ေလာ္ရိုး၏ သံုးသပ္ခ်က္ ။ ။ တနဂၤေႏြေန႔တုန္းက မန္စီးတီးကို ရင္ဆိုင္ကစားရာမွာ လက္စတာက တိုက္စစ္သမားပံု ေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္လို႔ သူတို႔ရဲ႕ ခံစစ္က ပြင့္လြန္းေနပါတယ္။

ေအးေဆးကို ဂိုးသြင္းေနတဲ့ လီဗာပူးလို အသင္းကို ရင္ဆိုင္ကစားရမယ့္ ပြဲဆိုတာ ကလပ္ေတြ ေနာက္ဆံုးမွ ျဖစ္ခ်င္တဲ့ ကိစၥပါ။ လက္စတာက ဒဏ္ရာျပႆနာေတြ ရွိေနတာကလည္း ဒီပြဲမွာ အေျပာင္းအလဲေတြလုပ္ဖို႔ သူတို႔အတြက္ ခက္ခဲေနမွာပဲ ျဖစ္ပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ လက္စတာ ၀-၂ လီဗာပူး