လီဗာပူးအသင်းဟာ ဒီအပတ် ပွဲစဉ်အဖြစ် လက်စတာအသင်းကွင်းထံ သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာ လီဗာပူးအသင်းက မန်စီးတီးထက် ၁ ပွဲလျော့ ၆ မှတ် ကွာဟနေပြီဖြစ်လို့ ဒီပွဲကို အနိုင်သေချာပေါက် ရယူဖို့ လိုအပ်နေပြီဖြစ်တယ်။ ဒီပွဲအပြီး ချယ်ဆီးပွဲနဲ့ ချက်ခြင်းတွေ့မှာဖြစ်လို့ ရလဒ်ကောင်းတွေ မယူနိုင်ရင် အသင်းရဲ့ ချန်ပီယံစိန်ခေါ်ရေး စိတ်ဓါတ်ပိုင်းမှာ ထိခိုက်မှု ရှိလာနိုင်ပြီဒ ရလဒ်ကောင်းရင်တော့ အသင်းအတွက် တွန်းအားကြီး ဖြစ်လာမှာပါ။

Team news

  • ဗန်ဒိုက်၊ ဖာဘင်ညို၊ သီယာဂို၊ ဂျုံးတို့အားလုံး ကွာရန်တင်းကနေ လေ့ကျင့်ရေး ပြန်ဝင်ပါပြီ။
  • ရော်ဘတ်ဆန် ပွဲပယ်ခံရမယ့် ၃ ပွဲထဲက ဒုတိယမြောက်ပွဲ ဖြစ်ပါတယ်။
  • အိုရီဂီ ဒဏ်ရာရနေပြီး နက်ဖီးလစ်၊ အယ်လီးယော့၊ အတ်ဒရီယန်တို့ မကစားနိုင်သေးပါဘူး။
  • လူငယ်တစ်ဦးနဲ့ ဝန်ထမ်း ၂ ဦး ကိုဗစ် ဖြစ်နေပါတယ်။

Liverpool’s XI vs. Leicester

လိဒ်ယူနိုက်တက်နဲ့ ဘောက်ဆင်ဒေးပွဲကို ရွှေ့ဆိုင်းခဲ့တာကြောင့် ဒီပွဲအတွက် လီဗာပူးက အပြည့်အဝ ပြင်ဆင်ချိန်ရခဲ့ပေမယ့် လက်စတာကတော့ မန်စီးတီးပွဲ ကစားထားပြီး ၄၈ နာရီအတွင်း ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ ကြံ့ခိုင်မှုမှာ လီဗာပူးအသင်းက အားသာချက် ရှိနေပါတယယ်။

လီဗာပူးအသင်းရဲ့ ပွဲထွက် လူစာရင်းအတွက် ပြဿနာတစ်ခုက ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ သီယာဂိုကို ပွဲချိန် ဘယ်လောက်ပေးကစားမလဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဗန်ဒိုက်နဲ့ ဖာဘင်ညိုကို မိနစ် ၉၀ အပြည့် ကစားစေဖို့မျိုး မျှော်လင့်နိုင်ပေမယ့် သူတို့က ကိုဗစ်ကနေ ပြန်သက်သာလာတာဖြစ်လို့ လူစားဝင်စေမလား၊ ပွဲထွက်လူစာရင်းကနေ ထုတ်သုံးမလားကို အသင်းဆေးအဖွဲ့က ဂရုစိုက်ရမှာဖြစ်ပါတယ်။

Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Fabinho, Henderson, Keita; Salah, Mane, Jota

ပုံမှန်အတိုင်းဆိုရင်တော့ ဂိုးသမားအဖြစ် အယ်လီဆန်၊ ညာအစွန် ထရန့်၊ ဘယ်အစွန်၊ ကိုစတက်၊ ဗဟိုခံစစ်အတွဲအဖြစ် ဗန်ဒိုက်နဲ့ မာတစ်တို့ဖြစ်ပါမယ်။

ကွင်းလယ်မှာတော့ ဖာဘင်ညိုကို အထိုင်ထားပြီး ဟန်ဒါဆန်နဲ့ ကိတ်တာကို တွဲဘက်ပေးဖို့ဖြစ်ပါတယ်။ ဟန်ဒါဆန်နဲ့ ကိတ်တာတို့ဟာ ကြားရက် လက်စတာနဲ့ ကာရာဘောင်းပွဲမှာတည်းက ပွဲကစားချိန်တွေ ရထားပြီးဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ဂျိုတာဟာ ဖာမင်နိုထက် ပုံစံကောင်း ပိုရနေပြီး ဆာလာ၊ မာနေးတို့နဲ့အတူ ပွဲထွက်လူစာရင်းက ပါဝင်လာနိုင်ပါတယ်။

Alisson; Alexander-Arnold, Matip, Konate, Tsimikas; Henderson, Oxlade-Chamberlain, Keita; Salah, Mane, Jota

အကယ်လို့ ဆေးအဖွဲ့ ဗန်ဒိုက်နဲ့ ဖာဘင်ညိုကို ပွဲထွက်ကစားခွင့် မပေးသေးဘူးဆိုရင် သူတို့ နှစ်ဦးဟာ သီယာဂိုနဲ့အတူ အရန်စာရင်းပဲ ပါဝင်လာဖို့ ရှိနေပါတယ်။ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ခံစစ်မှူး ကိုနတေးက မာတစ်နဲ့တွဲဘက်ပြီး ပွဲထွက်လာဖို့ ရှိနေပါတယ်။

ကွင်းလယ်မှာတော့ ဟန်ဒါဆန်ကို အထိုင်ထားပြီး ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကို တွဲဘက်ပေးဖို့ ဖြစ်ပါတယ်။ တိုက်စစ်ကတော့ အပြောင်းအလဲ ရှိလာမယ်လို့ မထင်ရပါဘူး။ ဒီပွဲပြီးရင်တော့ နှစ်သစ်ကူးမှာ လန်ဒန်ကိုသွားပြီး ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။