ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း အလန်ရှီးယားက ဒီရာသီ အမှတ်ပေးဖလားကို မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးကြား ယှဉ်ပြိုင်ရမယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့်လို့ ကလပ်တွေကြား ရလဒ်ပိုင်း အရေးပါတဲ့ ပွဲစဉ်တွေအဖြစ် မန်စီးတီးက ဝုဗ်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲနဲ့ လီဗာပူးက စပါးကို ၂-၂ သရေကျတဲ့ပွဲတွေမှာ VAR ရဲ့ ဆုံးဖြတ်မှုတွေဟာ မတည်ငြိမ်ခဲ့တာတွေကို ထောက်ပြသွားခဲ့တယ်။

မန်စီးတီးက ပွဲစဉ်တွေမှာ ဒိုင်လူကြီး ဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကံနည်းနည်းကောင်းခဲ့သလို လာမယ့်လတွေမှာ ဆာလာ၊ မာနေးတို့ မပါနိုင်မယ့် အခြေအနေအရ ဒီရာသီ အမှတ်ပေးဖလားက မန်စီးတီးလက်ထဲ ရောက်သွားမယ်လို့ တိုက်စစ်သမားဟောင်းက ပြောဆိုခဲ့ပါတယ်။

အလန်ရှီးယားကလည်း ” VAR က ပြဿနာ မဟုတ်ပါဘူး။ VAR ကို လူတွေကပဲ အသုံးပြု မောင်းနှင်နေတာပါ။ ဒီရာသီမှာ အသုံးပြုပုံက ပိုအဆင်ပြေလာပေမယ့်လို့ ဟားတိုက်စရာ ဆုံးဖြတ်ချက်တွေတော့ ရှိနေဆဲပါ။

ဝုဗ်နဲ့ပွဲမှာ မန်စီးတီး အသာရခဲ့တဲ့ ပင်နယ်တီက ပြင်းထန်ခဲ့ပါတယ်။ မော်တင်ဟိုက လုံးဝကို လက်နဲ့ မထိခဲ့တာပါ။ နယူးကာဆယ်ပွဲမှာ အီဒါဆန်က ဖရေဆာကို ပြစ်ဒဏ် ကျူးလွန်တာမှာတော့ သမ္ဘာရင့်တဲ့ အက်ကင်ဆန်လို ဒိုင်လူကြီးအတွက် ပင်နယ်တီမဖြစ်ခဲ့ပါဘူး။ အကယ်လို့ သူမမြင်ဘူးဆိုရင် VAR က ကြည့်ပေးရမှာပါ။

နောက်ပြီး လီဗာပူးနဲ့ စပါးတို့ ၂-၂ သရေကျတဲ့ပွဲမှာ ကြီးမားတဲ့ အခြေအနေတွေအတွက် သူတို့တွေ ဘယ်လိုတောင် ဆုံးဖြတ်ဖို့ လွဲချော်လိုက်တာလည်းဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ ဒိုင်လူကြီးနဲ့ VAR တို့က ဆုံးဖြတ်ဖို့ လွဲချော်ခဲ့ကြပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ်ဖလား အနိုင်ရရင် ၅ ရာသီအတွင်း ၄ ကြိမ် အနိုင်ရမှု ဖြစ်လာပါမယ်။ သူတို့က သိပ်ကောင်းတဲ့အသင်းပါ။ သူတို့ရဲ့ အဆင့်အတန်းတွေက မြင့်မားပါတယ်။ စီးတီး၊ လီဗာပူးနဲ့ ချယ်ဆီးအသင်းတွေက အခြားသော အသင်းတွေ လိုက်မမီနိုင်ပါဘူး။ သူတို့တွေပဲ ယှဉ်ပြိုင်နေမှာပါ။

မနှစ်ကဆိုရင် စီးတီးက ဒီဇင်ဘာကနေ မတ်လထိ ပွဲတွေအားလုံးကို အနိုင်ရခဲ့တယ်။ ဒီရာသီမှာလည်း ပွဲတွေကို ဆက်တိုက် အနိုင်ရနေတယ်။ လီဗာပူးက ဆာလာ၊ မာနေးတို့ကို လာမယ့်လတွေမှာ ဆုံးရှုံးရမှာဖြစ်သလို ချယ်ဆီးကလည်း ဒဏ်ရာတွေနဲ့ ဖျားနာမှုတွေကြောင့် ပုံစံတွေ ထိခိုက်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။