ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ လက်စတာစီးတီး အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ လက်စတာ တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” သိပ်ကောင်းမယ့် ပွဲဖြစ်ပြီး ဂိုးတွေအများကြီး မြင်ရမယ့်ပွဲပါ။ အခုလက်ရှိ လက်စတာက အရင်နဲ့ မတူတော့ပါဘူး။ ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ပြန်ရနေပါပြီ။ အရင် ၄ပတ်နဲ့ မတူတော့ပဲ သူတို့ အမြင့်ပျံသန်းနေပါပြီ။
ယူနိုက်တက်က ကာဆီမီရို၊ အဲရစ်ဆင်တို့ မပါဘဲ ကစားရမှာပါ။ ပြီးခဲ့တဲ့အပတ်က လိဒ်စ်နဲ့ပွဲကို ကြည့်လိုက်ရင် တန်ဟက်က ဘာစီလိုနာနဲပွဲအတွက် အဓိက အားထည့်ထားတာ ထင်ရှားပါတယ်။ ဒီကြားထဲ အာဆင်နယ် ထပ်ရှုံးသွားတော့ ယူနိုက်တက်တို့ ထပ်ပြီး အားတက်လာတယ်။
လိဒ်စ်နဲ့ပွဲမှာ ယူနိုက်တက်တို့ သိပ်မကောင်းခဲ့ပေမယ့် ဘယ်လိုနေနေ နိုင်မှာပဲလို့ ခံစားမိခဲ့တယ်။ ဘရူနို ဖာနန်ဒက်စ် ကလည်း သိပ်ကောင်းနေတယ်။ ဂနာချိုက သက်ရောက်မှုတွေ ပြသထားနိုင်ပြီး ပွဲထွက်ကနေ ပါဝင်လာရင် သိပ် မကောင်းပေမယ့် လူစားဝင်လာချိန်မှာ သူ့ရဲ့ အရှိန်နှုန်းက အတော်လေး ကောင်းပါတယ်။
လက်စတာက ယူနိုက်တက်အတွက် စမ်းသပ်မှုကောင်း တစ်ခု ဖြစ်စေမှာပါ။ လက်စတာမှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး။ သူတို့ရဲ့ ကသောင်းကနင်း အခြေအနေကို ပေါက်ကွဲပြမယ့်ပုံပါပဲ။ ယူနိုက်တက်က ကွင်းလယ်မှာ ကာဆီမီရို မရှိနေဘူး။ လက်စတာက ကွင်းလယ်ကနေ ကျော်ဖြတ် ပြေးလွှားနိုင်ပါတယ်။
ယူနိုက်တက်က တိုက်စစ်တော့ အရမ်းကောင်းတယ်။ သူတို့ ဂိုးတွေ သွင်းပါလိမ့်မယ်။ ဒါပေမယ့် လက်စတာက သူတို့ကို ပြဿနာအနည်းငယ် ပေးမှာပါ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၂ လက်စတာစီးတီး ဖြစ်ပါတယ်။