ဒီအပတ် ပရီးမီးယားလိဂ် မှာ အာဆင်နယ် အသင်းက လိဒ်စ် ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲကစားမှာကတော့ ဒီနေ့ စနေနေ့၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီရာသီ အကြိမ်အများကြီး ပြောခဲ့ပြီးပါပြီ လိဒ်စ်ယူနိုက်တက်က အရည်အချင်းရှိ ကစားသမား အချို့ကို ပိုင်ဆိုင်ထားပေမယ့် မိနစ် ၉၀ အတူတကွ တွဲမကစားနိုင်ပါဘူး။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ဝုဗ်ကို ၄-၂ နဲ့ အနိုင်ရတဲ့ပွဲမှာတော့ သူတို့ လုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲက အာဆင်နယ် အတွက် သူတို့ မျှော်လင့်ထားတဲ့အတိုင်း ခပ်လွယ်လွယ်ဖြစ်မယ့် ပွဲလို့ ကျနော် မထင်ပါဘူး။

ဒါပေမယ့် ဖေဖော်ဝါရီမှာ မန်စီးတီးကို အရေးနိမ့်ပြီးတဲ့နောက် အာဆင်နယ်ဟာ လိဂ်မှာ ၆ ပွဲဆက် မရှုံးထားပါဘူး။ သူတို့က အမြဲတမ်း ရလဒ်အတွက် နည်းလမ်းရှာနိုင်စွမ်း ရှိနေပါတယ်။

လိဒ်စ်က တက်ကြွစွာ ကစားမှာဖြစ်ပြီး အာဆင်နယ်မှာလည်း ဆာကာက အခုချိန် အကောင်းဆုံး ညာတောင်ပံသမားပါ။ ဂျေးဆုက လေ့ကျင့်ရေး အပြည့် ပြန်ဝင်ဖို့ နီးစပ်နေတယ်။

အာဆင်နယ်က အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းရှိပြီး လိဒ်စ်အသင်းက သူတို့ကို ရပ်တန့်နိုင်မယ် မမြင်ပါဘူး။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် ၂-၀ လိဒ်စ် ယူနိုက်တက် ဖြစ်ပါတယ်။