ဒီအပတ် မန်စီးတီး – အာဆင်နယ်၊ စပါး – မန်ယူ စတဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေ ပါဝင်တဲ့ ကြားရက် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန် က သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပါတယ်။
ချယ်ဆီး v ဘရန့်ဖိုဒ့်
ချယ်ဆီး ယာယီနည်းပြဘဝမှာ နည်းပြလမ်းပတ်က သူတာဝန်ယူတဲ့ ပွဲစဉ် ၄ ပွဲလုံးကို ရှုံးထားပါတယ်။ နောက်ရာသီ စတမ်းဖိုဒ့်ဘရစ်မှာ တာဝန်ယူခွင့်အတွက် ဆက်ရှိနေမှာ မဟုတ်ပေမယ့် လမ်းပတ်က ဒီတာဝန်အတွက် ဂုဏ်ယူသူပါ။ ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် ဒီတစ်ကြိမ်မှာ ရလဒ်ကောင်းအတွက် သူ ကြိုးစားပေးပါလိမ့်မယ်။
လမ်းပတ်အတွက် ကံမကောင်းတာကတော့ သူ့ကစားသမားတွေက သူ့လို ခံစားနေရရဲ့လားဆိုတာ မသေချာတာပါပဲ။ ဒီရာသီမှာ သူတို့ ကစားခဲ့တဲ့ ပုံစံတွေအရ ချယ်ဆီးအတွက် တကယ်ပဲ ဂရုစိုက်ရဲ့လား မေးခွန်းထုတ်စရာပါပဲ။ ဒီအကြောင်းရင်းကြောင့်ပဲ ချယ်ဆီးတို့ဟာ အမှတ်ပေးဇယားမှာ ဘရန့်ဖိုဒ့်နောက်မှာ ၅ မှတ် ပြတ်နေပါတယ်။
ဘရန့်ဖိုဒ့်က ဗီလာပွဲမှာ ကောင်းခဲ့ပေမယ့် ရလဒ်ပိုင်း ထိခိုက်မှုဖြစ်ခဲ့တယ်။ သူတို့က အမြဲတမ်း စုဖွဲ့မှုကောင်းတဲ့ အသင်းဆိုတာကို ကျနော်တို့ သိပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1-1 ဘရန့်ဖိုဒ့်
ဝက်စ်ဟမ်း v လီဗာပူး
ဝက်စ်ဟမ်းက ယူရိုပါကွန်းဖရန့်လိဂ်ကို အနိုင်ရပြီးတဲ့နောက် ဘုန်းမောက်ကိုလည်း အနိုင်ရခဲ့တယ်။ သူတို့ဟာ နောက်ဆုံး ၄ ပွဲမှာ ၁၀ မှတ်ရယူနိုင်ခဲ့ပေမယ့် တန်းဆင်းဇုန် အထက်ကို တက်နိုင်ဖို့ဆိုရင် နောက်ထပ် ရမှတ်တွေ ရယူနိုင်ဖို့ လိုပါတယ်။
အန်တိုနီယို အတော်လေး တိုးတက်လာပေမယ့် ဒီပွဲမှာ သူတို့ရမှတ်တွေ ရနိုင်ပါ့မလား မသေချာပါဘူး။ ဒီရာသီမှာ ဝက်စ်ဟမ်းက အခြားသော အသင်းဖော်တွေလိုပဲ သူကလည်း စိတ်ပျက်နေပါလိမ့်မယ် ဒါပေမယ့် သူတို့အတွက် ကိစ္စတွေက အရမ်းတော့ နောက်မကျသေးပါဘူး။
လီဗာပူးကို ခက်ခဲအောင် ဝက်စ်ဟမ်းအသင်းက ကြိုးစားမှာဖြစ်ပြီး ကလော့ပ်ရဲ့ အသင်းက ဂိုးတော့ သွင်းနိုင်ပါလိမ့်မယ်။ လီဗာပူး ခံစစ်ကိုတော့ မယုံပါဘူး။ ဖောရက်စ်တောင် သူတို့ခံစစ်ကို ပြဿနာတွေ ပေးနိုင်ရင် ဝက်စ်ဟမ်းလည်း ပေးနိုင်မှာ သေချာပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း 2-2 လီဗာပူး
မန်စီးတီး v အာဆင်နယ်
ဒီပွဲအတွက် ကျနော်ရဲ့ ခန့်မှန်းချက်အပေါ် ကိုယ့်ဘာသာ အတော်လေး ယုံကြည်ချက်ရှိပါတယ်။ မသေချာတာ တစ်ခုတည်းက အာဆင်နယ်တို့ ဂိုးသွင်းနိုင်ပါ့မလား ဆိုတာပါပဲ။
အာဆင်နယ်ဟာ အဆိုးရွားဆုံး အခြေအနေမှာ ဒီပွဲကို ယှဉ်ပြိုင်ရတာဖြစ်ပြီး စီးတီးက သိပ်ကောင်းတဲ့ ခြေစွမ်းနဲ့ ပုံစံကောင်းတွေကို ရှာဖွေတွေ့ထားတာပါ။
အာဆင်နယ်တို့ ရဲရင့်ပါစေ စီးတီးကို ယှဉ်ကစားနိုင်ပါစေလို့ ကျနော် တကယ်ကို မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ရဲ့ အားသာချက်က သူတို့ရဲ့ တိုက်စစ်ပါ ဒါပေမယ့်လည်း ကိစ္စတွေ အများကြီးမှာတော့ အိမ်ရှင်အသင်းဘက်က အားသာနေပါတယ်။
ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဆုတို့ သူတို့ရဲ့ ခြိမ်းခြောက်နိုင်စွမ်း အားလုံးနဲ့အတူ အီတီဟက်ကို ချီတက်ကြမှာ ဖြစ်ပေမယ့် ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ သူတို့ရဲ့ ခံစစ်က အတော်လေးကို အားနည်းနေခဲ့ရာမှာ ဟာလန်းကို သူတို့တွေ ဘယ်လိုများ ရပ်တန့်နိုင်ပါ့မလဲ?
အကီ ဒဏ်ရာကြောင့် မပါနိုင်တာက စီးတီးအတွက် နည်းနည်းတော့ ခက်ခဲစေမှာပါ ဒါပေမယ့်လို့ ဂွာဒီယိုလာရဲ့ အသင်းက ပွဲကို လွှမ်းမိုးနိုင်ဆဲဖြစ်တယ်။ သူတို့ တိုက်စစ်ဆင်ပြီးဆိုရင် တကယ်ကို အညှာအတာ ကင်းပါလိမ့်မယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-1 အာဆင်နယ်
စပါး v မန်ယူနိုက်တက်
ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် နိုင်မယ့်ဘက်ကို ခန့်မှန်းထားပါတယ်။ စပါးဟာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး နောက် သူတို့ရဲ့ ယာယီနည်းပြ စတီလာနီကို ရာထူးကနေ ထုတ်ပယ်ခဲ့ကာ အခြေအနေတွေ ရှုပ်ထွေးနေပါတယ်။ အကယ်လို့ ပထမ ၂၁ မိနစ် နှုန်းအတိုင်း နယူးကာဆယ်က ဆက်ပြီး ဂိုးသွင်းနေမယ်ဆိုရင် ၂၂-၀ လောက်ထိကို ပြတ်သွားနိုင်ပါတယ်။ မြင်ဖူးသမျှ အရွဲဆုံး ပွဲကို ကစားအပြီး စပါးတို့ ဒီပွဲမှာ တုန့်ပြန်လာနိုင်မလား? ကျနော်တော့ မယုံပါဘူး။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ကျော်ဖြတ်နိုင်တာ ယူနိုက်တက်တို့ ကံကောင်းခဲ့တာလို့ မြင်ပါတယ်။ ယူနိုက်တက်က နယူးကာဆယ်တို့လိုတော့ ဂိုးအများကြီး သွင်းယူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တင်ဟမ်က ခံစစ်ပိုင်း ဂိုးမပေးရအောင် ထိန်းနိုင်မယ်လို့ မထင်ဘူး။
တနင်္ဂနွေနေ့ ပွဲကလောက် မဆိုးလောက်ဘူးဆိုပေမယ့် ဒီအခြေအနေမှာ စပါးတို့ ပြန်လာနိုင်ဦးမယ်လို့ မထင်ပါဘူး။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ စပါး 1-3 မန်ချက်စတာ ယူနိုက်တက်
အခြားပွဲစဉ်များအတွက် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ
- Wolves 1-1 Crystal Palace
- Aston Villa 2-1 Fulham
- Leeds 2-1 Leicester
- Forest 1-2 Brighton
- Everton 0-2 Newcastle
- Southampton 2-1 Bournemouth