ဘောလုံးပွဲတွေ ပုံမှန် သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ် ခန့်မှန်းချက်တွေကတော့ အောက်ပါအတိုင်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။
ချယ်ဆီး v ဘရန့်ဖိုဒ့်
ချယ်ဆီးအတွက် ပွဲကြီးတစ်ပွဲပါပဲ။ အနောက်လန်ဒန်က ပိုအင်အားငယ်တဲ့ အသင်းတစ်သင်းကို ဒါဘီအဖြစ် ရင်ဆိုင်ရမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ချယ်ဆီးက သူတို့ ပရိသတ်တွေအတွက် ဒီပွဲကို ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကို ကစားသမားတွေ နားလည်ဖို့တော့ မျှော်လင့်ပါတယ်။
ဘရန့်ဖိုဒ့်ကို မလေးစားတာ မဟုတ်ပေမယ့် ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် ချယ်ဆီးအတွက် ဂုဏ်သိက္ခာပိုင်းအရ ကြီးကြီးမားမား ထိခိုက်ပါလိမ့်မယ်။ ချယ်ဆီးက မန်နေဂျာတစ်ဦး လိုအပ်နေပြီး အချို့ ကစားသမားတွေက ကလပ်ကနေ ထွက်ခွာမှာပါ။ သူတို့မှာ ထိပ်တန်း ကစားသမားတွေရှိပြီး တာဝန်ယူမှုတွေ ရှိလာမှာပါ။
အခုချိန်ထိ ချယ်ဆီးရဲ့ အကောင်းဆုံး အသင်းက ဘယ်လို အသင်းလဲဆိုတာ ကျနော် မသိပါဘူး။ အဲ့တာကြောင့် သူတို့ရဲ့ ဘောလုံးရာသီက ထိခိုက်နေပြီး စိတ်ပူစရာ ဖြစ်နေတာပါ။ ချယ်ဆီးကို တာဝန်ယူဖို့ရာ အန်ဆယ်လော့တီက သင့်လျော်သူလို့ ထင်ပါတယ်။ ပိုချက်တီနိုကတော့ နောက်ထပ် ရေပန်းစားသူ တစ်ဦးပေါ့။
ဘရန့်ဖိုဒ့်က အခုတလောမှာ ရလဒ်တွေ ဆိုးရွားနေတာမို့ ဒီပွဲက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ကျနော်ရဲ့ ခန့်မှန်းကို အရမ်းတော့ ယုံကြည်ချက် မရှိဘူးဆိုပေမယ့် ချယ်ဆီးက ဒီပွဲကို အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 ဘရန့်ဖိုဒ့်
ဝက်စ်ဟမ်း v လီဗာပူး
လီဗာပူးက ပွဲတိုင်းကို အနိုင်ရအောင် ကန်ရမယ့် အခြေအနေဖြစ်ပါတယ်။ သရေရလဒ်တောင် သူတို့အတွက် မကောင်းပါဘူး။ သူတို့ ကွန်းဖရန့်လိဂ်ကို သွားကစားလိုမှာ မဟုတ်ဘဲ အဆင့် ၅ နေရာကို ရလိုမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ လီဗာပူး ကစားတာက ပြန်ပြီး ကြည့်ကောင်းလာပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတွေအတွက် အရေးကြီးတာက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ သူတို့ ပုံစံကောင်းတွေ ပြန်ရလာနေပြီး အန္တရာယ် ပြန်ရှိလာနေပါပြီ။
မနေ့တုန်းက ဝက်စ်ဟမ်းအသင်း ရခဲ့တဲ့ ရလဒ်က သူတို့အသင်းကို ယုံကြည်မှုတွေ ပေးပါလိမ့်မယ်။ လီဗာပူးက အဲ့လို ဝက်စ်ဟမ်းအသင်းကို ရင်ဆိုင်လိုမှာ မဟုတ်ပါဘူး။
နယူးကာဆယ်ကလည်း နိုင်ပွဲရသွားတာမို့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က နည်းနေပါပြီ။ ဒီပွဲက သရေပွဲဖြစ်မယ် ထင်ပါတယ်။ ပွဲကောင်းတော့ ဖြစ်မယ် လီဗာပူးက သရေပဲ ရပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း 2-2 လီဗာပူး
မန်စီးတီး v အာဆင်နယ်
ဒီပွဲက အာဆင်နယ်တို့ ရှုံးလို့မရတဲ့ ပွဲစဉ်ပါပဲ။ အကယ်လို့ သူတို့ ဒီပွဲကို ရှုံးခဲ့ရင် ဖလားပြိုင်ပွဲက ပြီးသွားပါပြီ။ မန်စီးတီးက ခြေချော်ခံမှာ မဟုတ်ပါဘူး။ ပွဲတွေ ကစားရဖို့ ကျန်ရှိနေပေမယ့်လို့ မန်စီးတီးက ရလဒ်ကောင်းတွေ ဆက်တိုက် ယူနေပါပြီ။ သူတို့ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဦးမယ်ဆိုပေမယ့် ၂ ကျော့ ကစားရမှာကို အရေးနိမ့်ရင် ယုံကြည်မှုပိုင်း ထိခိုက်နိုင်ပါတယ်။
စီးတီးအတွက် အကီ ကစားနိုင်မှာ မဟုတ်ပါဘူး။ သူက ဆာကာကို ထိန်းနိုင်မယ့်သူ ဖြစ်ပြီး သူမပါနိုင်တာက မန်စီးတီးအတွက် ကြီးမားတဲ့ လိုအပ်ချက်ပါ။ ဘိုင်ယန်ပွဲတုန်းက ဆာနေးနဲ့ ကိုမန်းတို့က စီးတီးကို အန္တရာယ်တွေ ပေးခဲ့ပါတယ်။ အာဆင်နယ်က တောင်ပံတွေမှာ အင်အားကောင်းပြီး ဆာကာနဲ့ မာတင်နယ်လီတို့က မန်စီးတီးကို ပြဿနာတွေ ပေးနိုင်ပါတယ်။
အာဆင်နယ်က ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားရမှာဖြစ်ပေမယ့် မန်စီးတီးကလည်း ပွဲပန်းနေပြီလို့ ဂွာဒီယိုလာက ပြောထားပါတယ်။ ဒီပွဲ သရေကျမယ်ဆိုရင် မန်စီးတီးက လက်ကျန်ပွဲ ၂ ပွဲလုံးကို အနိုင်ရမှ ဖြစ်မှာပါ။ မန်စီးတီးက ကောင်းပေမယ့် သူတို့လည်း စိုးရိမ်စိတ်တွေနဲ့အတူ ဖိအားတွေ ဝင်နေမှာပါ။
အာဆင်နယ်က ယုံကြည်မှုရှိရှိ ကစားမှာပါ။ သူတို့ ပရီးမီးယားလိဂ် ဖလားအတွက် ကစားနေရာမှာ ရမှတ်တွေ လျော့လို့ မရနိုင်တော့ပါဘူး။ အာဆင်နယ်ရဲ့ ကစားသမားတွေက မန်စီးတီးကို နာကျင်အောင် လုပ်နုငိပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ရလဒ်တစ်ခု ရယူနိုင်မှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-1 အာဆင်နယ်
စပါး v မန်ယူနိုက်တက်
ဒီပွဲက ပြောရခက်တဲ့ ပွဲစဉ်ပါ။ အရင်အပတ်က စပါးတို့ အရမ်းကို အခြေအနေ ဆိုးထားပါတယ်။ သူတို့ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီပွဲကို ရှုံးမယ်ဆိုရင် လာမယ့်ရာသီ ဥရောပမှာ ကစားခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။
နယူးကာဆယ်ကို ရှုံးလိုက်တာကြောင့် ကိန်းက သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ကလပ်မှာ ဆက်နေမယ်လို့ ကျနော်တော့ မထင်တော့ပါဘူး။ ဒီပွဲက ပွဲကြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနီးကို ကပ်နိုင်မယ့် ပွဲစဉ် ဖြစ်ပါတယ်။ စပါးမှာ ကိန်းဆက်နေတာကို မြင်လိုပေမယ့် ဒီရှုံးပွဲက နောက်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။
နှစ်သင်းလုံးက တူညီတဲ့ နည်းလမ်းနဲ့ ကစားနေတယ်။ ခံစစ်ကို အထိုင်ချပြီး ကောင်တာ တိုက်စစ် နြပ်ဆင်တယ်။ မန်ချက်စတာ ယူနိုက်တက်က ပွဲကို အပြတ်ဖြတ်နိုင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သူတို့က အရေးမသာပေမယ့် သက်သောင့်သက်သာ ကစားပြခဲ့ပြီး ဖိုင်နယ် ရောက်ခဲ့တယ်။
စပါးတို့ မန်နေဂျာ မရှိတာကို စိတ်ပူမိပါတယ်။ နယူးကာဆယ်ကို အရေးနိမ့်ထားမှုကို သူတို့ ပြန်လာနိုင်မယ် မထင်ပါဘူး။ ယူနိုက်တက်က ကောင်တာတွေမှာ သိပ်ကောင်းပြီး ဒီပွဲကို အနိုင်ရသင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ စပါး 0-2 မန်ချက်စတာ ယူနိုက်တက်
အခြားပွဲစဉ်များအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းချက်များ
- Wolves 2-2 Crystal Palace
- Aston Villa 2-1 Fulham
- Leeds 1-1 Leicester
- Forest 1-0 Brighton
- Everton 0-2 Newcastle
- Southampton 2-1 Bournemouth