နယူးကာဆယ် အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နေမာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေကို နည်းပြ အတ်ဒီဟောင်း က မငြင်းဆန်ခဲ့ဘဲ အဖြေရှာဦးမယ်လို့ ထုတ်ပြောသွားပါတယ်။

အက်စ်တွန်ဗီလာအသငျး ဟာ နွေရာသီမှာ ဆိုစီဒက် တောင်ပံကစားသမား ကူဘိုကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ ပြိုင်ပွဲစုံ ၈ဂိုးသွင်း၊ ၇ဂိုး ဖန်တီးပေးထားတဲ့ ဂျပန်လက်ရွေးစင် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရိုသန်း ၆၀ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီမှာ လေဗာကူဆင်နောက်ခံလူ ဂျယ်ရမီ ဖရင်ပွန်ကို ခေါ်ယူဖို့ ထပ်မံ စောင့် ကြည့် နေပါတယ်။ ဖရန်ပွန်က ယူနိုက်တက်ရဲ့ ပထမဦးစားပေး ညာနောက်ခံလူဖြစ်လာရင် ဒီယိုဂို ဒါးလော့က ဒုတိယ အရံလူ ဖြစ်နိုင်ပြီး ဝမ်ဘစ်ဆာကာကတော့ ရောင်းထုတ်ခံရနိုင်ပါတယ်။

ပီအက်စ်ဂျီဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ဒီနွေမှာ ဟာကီမီကို ရောင်းထုတ်ဖွယ်ရှိပါတယ်။ သူတို့ဟာ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ကိုက်ညီအောင် လစာလျှော့ချမှုတွေ လုပ်ရမှာဖြစ်ပြီး ယူနိုက်တက် ဒါမှမဟုတ် ချယ်ဆီးက သူ့ကို ကမ်းလှမ်းလာရင် ဟာကီမီအနေနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ အချိန်အတော်ကြာနေတဲ့ အသင်းပိုင်ရှင် အပြောင်းအလဲကိစ္စက အခုထိ အီလေးဆွဲနေတာဖြစ်သလို နွေအပြောင်းအရွှေ့ ဘတ်ဂျက်က ဘယ်လောက်ရမလဲဆိုတာ မသိဘူးလို့ အဲရစ်တန်ဟက်က ဝန်ခံခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ဟာ တိုက်စစ်မှူးအသစ်အတွက် ယူရိုသန်း ၁၀၀ ထက် ပိုသုံးမှာ မဟုတ်ဘဲ နာပိုလီကလည်း အိုဆီမန် အတွက် သန်း ၁၅၀ကို တောင်းဆိုနေဆဲ ဖြစ်တာကြောင့် အပြောင်းအရွှေ့က အေးစက်လာနေပါတယ်။

မာနေးနဲ့ ဂနာဘရီတို့ဟာ ဒီနွေရာသီ ဘိုင်ယန်ရဲ့ အရောင်းစာရင်းထဲ ပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။ မာနေးဟာ ၂၀၂၂ မှာမှ လီဗာပူးကနေ ပြောင်းလာခဲ့တာဖြစ်ပေမယ့် နယ်မြေသစ်မှာ ခက်ခဲမှုတွေ ရင်ဆိုင်နေရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ရက်တွေအတွင်း ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့ ရည်မှန်း ထားသလို ဆယ်တာဗီဂိုကြယ်ပွင့် ဂါဘရီ ဗေဂါကို ခေါ်ယူဖို့ နောက်ဆုတ်သွားခဲ့ပါတယ်။

မန်စီးတီးဟာ နောက်ခံလူ ရီကိုလီဝစ်အတွက် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားခဲ့ပြီးတော့ မန်စီးတီးမှာ စာချုပ်နောက်ဆုံးနှစ်ထဲ ဝင်လာနေတဲ့ ကိုင်လီဝေါ်ကာ နေရာကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ခံထားရတာပါ။

ယူနိုက်တက်ဟာ မားကပ်ရက်ဖို့ဒ်နဲ့ စာချုပ်ဆွေးနွေးမှုတွေ အဆင်ပြေ တိုးတက်နေပါတယ်။ စာချုပ်သစ်မှာ ရက်ဖို့ဒ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရနေတဲ့ ဒီဂီယာတို့လို ထိပ်တန်းလစာရှင်တွေနဲ့ တန်းတူပမာဏ ရရှိမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ မက်ကယ်လစ်စတာအတွက် သူတို့ရဲ့စီမံကိန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေက တိုးတက်လာနေပေမယ့် သဘောတူညီမှုတော့ မရသေးပါဘူး။ ကွင်းလယ်လူဟာ ဘရိုက်တန်ကနေ ထွက်ခွာဖို့ ရာနှုန်းပြည့်သေချာပြီး မေလ ဒါမှမဟုတ် ဇွန်လထဲ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ပါတယ်။

ဘရိုက်တန်ဟာ လီဗာပူးမှ ဝါရင့် နောက်ခံလူကြီး ဂျိမ်းစ်မီနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမှာဖြစ်ပါတယ်။