မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီးနောက် ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ်မှာတော့ လန်ဒန်ကလပ် ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၂ နာရီခွဲမှာ ဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဘရိုက်တန်ကို FA မှာ နိုင်တဲ့ ပွဲ အပါအဝင် နိုင်ပွဲ ၂ ပွဲသာ ရှိထားတဲ့ မန်ယူ အသင်း အနေနဲ့ နိုင်ပွဲ ရလဒ်ကောင်းတွေ ပြန် ဆက်တိုက် ရယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ခိုင်မာအောင် လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဝက်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ကိစ္စတွေ ပြောင်းလဲနိုင်သေးပေမယ့် အခုချိန်မှာ ဝက်စ်ဟမ်းတို့ တန်းတင်ကျရစ်ဖို့ရာ ရမှတ် အနည်းငယ်တော့ လိုနေပါတယ်။ သူတို့က တန်းဆင်းဇုန် ထိပ်ဆုံးနားက ဖောရက်စ်ထက် ၄ မှတ်ပဲ သာနေတာပါ။ ဂိုးကွာခြားချက်မှာတော့ ပိုကောင်းပါတယ်။

ဒီပွဲမှာတော့ ဝက်စ်ဟမ်းက ရမှတ်တွေ ရမှာ မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်းက ဒဏ်ရာပြဿနာတွေ ရှိနေတယ်ဆိုပေမယ့် သူတို့အသင်းမှာ အရည်အချင်းကောင်းတွေ ရှိပါတယ် အထူးသဖြင့် ကောင်တာ-တိုက်စစ်လို အခြေအနေမှာပေါ့။ သူတို့ ချက်ခြင်းကြီး ရလဒ်တွေ ဆိုးရွားမှာ မဟုတ်ပါဘူး။

တကယ်တမ်းမှာ ယူနိုက်တက်က နိုင်ပွဲတွေရဖို့ နည်းလမ်းရှာနေရတယ်။ သူတို့အပေါ် အပြည့်အဝကြီးတော့ ယုံကြည်လို့ မရဘဲ ဒီပွဲက အကျိတ်အနယ် ရှိမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ မန်ယူနိုက်တက်