အာဆင်နယ် အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁ဝ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ခရစ်ဆက်တန်က နယူးကာဆယ် နဲ့ အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ကြားရက်က အမ်းမရိတ်ပွဲကို ကျနော် တက်ကြည့်ခဲ့ပါတယ်။ အဲ့ပွဲမှာ အာဆင်နယ် အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် ချယ်ဆီးကြောင့် အာဆင်နယ်တို့ အရမ်းကောင်းနေသလား ငြင်းခုံစရာပါပဲ။
ချယ်ဆီးကို ရင်ဆိုင်ရာမှာ ဂန်းနား ခံစစ်မှူး ကီဝီအာက အတော်လေးကောင်းတဲ့ ပွဲကို ကစားခဲ့တယ် ထင်ပါတယ်။ ဒါပေမယ့်လို့ ပုံစံကောင်းရနေတဲ့ နယူးကာဆယ်ကို ရင်ဆိုင်ရတာက ပိုကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။
နယူးကာဆယ်တို့ ပွဲကို ချဉ်းကပ်ပုံတွေက ကြည့်လို့ ကောင်းပါတယ်။ ဒီပွဲက ဇန်နဝါရီတုန်းက ဒီနှစ်သင်း ထိပ်တိုက် တွေ့ခဲ့သလို ဂိုးမရှိ သရေကျတဲ့ ပွဲအဖြစ် အဆုံးသတ်ဖို့ မရှိပါဘူး။
မန်စီးတီးကို ဖိအားပေးနိုင်ရေး အာဆင်နယ်တို့ နိုင်ပွဲတွေ ဆက်ထိန်းနိုင်ဖို့ လိုအပ်ပြီး သရေရလဒ်ကတောင် သူတို့ အတွက် လုံလောက်မှာ မဟုတ်ပါဘူး။
ဝမ်းနည်းစရာက နယူးကာဆယ်က အာဆင်နယ်ကို နှားတစ်ဖျားအသာဖြင့် အနိုင်ရမှာပါ။ သူတို့ရဲ့ ကောင်းမွန်တဲ့ ပုံစံကောင်းကို ဆက်လက် ပြသပါလိမ့်မယ်။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။