ဒီရာသီ အာဆင်နယ် ဇယားထိပ်မှာ ဘယ်လိုပင် ဦးဆောင်နေပါစေ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ထိ မရောက်နိုင်ဘဲ အားကုန်သွားလိမ့်မယ် လို့ တစ်ရာသီလုံး တောက်လျှောက် တွင်တွင် ပြောလာသူက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးလ် ဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ်တွေရဲ့ ခါးသီး မုန်းတီးမှု ခံရသည့်တိုင် နဗီးလ်ကတော့ သူ့ ယုံကြည်မှု အတိုင်း တောက်လျောက်ပဲ ပြောလာခဲ့တာပါ။ အခုတော့ နဗီးလ် ပြောစကားတွေက အမှန် ဖြစ်လာခဲ့ပါပြီ။
နဗီးလ် ရဲ့ ပြောချက်တွေ ဘယ်လောက် မှန်ခဲ့သလဲ ဆိုတာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ တွစ်တာကနေ အခုလို ချီးကျူးနေကြပါတယ်။
@UTDCJ_ : ပရီးမီးယားလိဂ် ၈ ကြိမ် ရထားတဲ့ ဂယ်ရီ နဗီးလ်က အာဆင်နယ် ပရီးမီးယားလိဂ်နဲ့ လွဲသွားလိမ့်မယ် လို့ သေချာပေါက် ပြောခဲ့တာလေ။ ဒါပေမယ့် သူတို့ ဖန်တွေက နဗီးလ်ကို ရိုက်ချင်နေခဲ့ကြသေးတယ်။ ??
WHF! : ဒီနှစ် အစောပိုင်းတုန်းက အာဆင်နယ် ၈ မှတ် ပြတ်နေသည့်တိုင် ဖလား မရဘူးလို့ ဂယ်ရီ နဗီးလ်က ပြောခဲ့တယ်။ သူ မမှားခဲ့ဘူးနော်။ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာ သူ့ထက် ဘယ်သူက ပိုသိဦးမှာတဲ့လဲ။ အာဆင်နယ် ပရိသတ်တွေ .. နဗီးလ်က ပြောခဲ့တာတွေ လာ တောင်းပန်ကြဦးလေ။ ???
Karn Rateria : ဒီတော့ ချန်ပီယံ ဖြစ်ဖို့ ဖိအားတွေကို ဒီ အာဆင်နယ် အသင်း ကိုင်တွယ်နိုင်မယ်လို့ နဗီးလ်က မထင်ခဲ့တာ မှန်နေတာပေါ့။ သူက လိဂ်မှာ ၈ ကြိမ် ချန်ပီယံ ဖြစ်ဖူးတဲ့ အတွေ့အကြုံတွေကနေ ကြို သိနေလို့ကို ပြောခဲ့တာ ဖြစ်နေတာပဲ။
မနေ့ညက ပွဲစဉ်တွေမှာ မန်စီးတီးက ၃ဂိုးပြတ် အဝေးကွင်း နိုင်ပွဲရခဲ့ချိန် အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ဘရိုက်တန် ကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးလိုက်တာကြောင့် ချန်ပီယံ လုပွဲက အဖြူ အမဲ သဲကွဲလာခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ လက်ကျန် ၃ ပွဲမှာ ၁ ပွဲ နိုင်ရုံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပါပြီ။
ဒါကလည်း လူစာရင်း တောင့်ပြီး အရန် အများစု သုံးရင်တောင် ဂိုးပြတ် နိုင်လေ့ ရှိနေတဲ့ မန်စီးတီး အတွက် လုံးဝ လွယ်ကူနေမယ့် ကိစ္စ ဖြစ်သွားပါပြီ။