ပြီးခဲ့တဲ့နှစ် နွေတုန်းက နည်းပြတန်ဟက် အကြိုက် ကစားသမား ဖြစ်လို့ ယူနိုက်တက် တောက်လျောက် ချိတ်ဆက် ကြိုးစားခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီယောင်ဟာ ဒီနွေမှာတော့ ဘောလုံးမှာ ဘာမဆို ဖြစ်လာနိုင်ကြောင်း ဆိုကာ ယူနိုက်တက် အား မျှေ်ာလင့်ချက်တွေ ခပ်ရေးရေး ပေးလိုက်ပြန်ပါတယ်။
မန်ချက်စတာ ယူနိက်တက်ဟာ ၂၀၂၂ နွေ ကာလ တစ်ခုလုံး ဒီယောင်ကို ခေါ်ဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။
ဒါပေမယ့် နယ်သာလန်သားဟာ ဘာစီလိုနာက မခွာဘူး အပြတ် ငြင်းဆန်ခဲ့လို့သာ အစီအစဉ်တွေ ပျက်ခဲ့တာ ဖြစ်ပြီး နည်းပြ တန်ဟက် စိတ်ထဲမှာ မပြီးပြတ်သေးတဲ့ ပစ်မှတ် တစ်ခု ဖြစ်နေဆဲပါ။
လတ်တလော အင်တာဗျူး တစ်ခုမှာ ဒီယောင်က –
” ကျနော်ကတော့ ဘာစီလိုနာ မှာ နေရတာ သိပ် ကောင်းနေတာပဲ။ ဒါက အမြဲတမ်းပါပဲ။ အစီအစဉ်တွေ အတိုင်းသာ ဖြစ်မယ် ဆိုရင် ကျနော် နောက်ရာသီမှာလည်း ဘာစီလိုနာမှာ ဆက်ရှိနေပါမယ်။
ဒါပေမယ့် ဘယ်အရာကိုမှ မဖြစ်နိုင်ဘူးလို့ ရာနှုန်းပြည့် အပြတ် ပြောလို့တော့ မရဘူး။ ဘောလုံးမှာက ဘာမဆို ဖြစ်လာနိုင်တယ်လေ။ ကျနော့် အစီအစဉ်ကတော့ နောက်နှစ်မှာလည်း ဘာစီလိုနာမှာ ဆက်ရှိနေမှာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး ပြသနာတွေက ဒီယောင်ကို အရောင်းစာရင်း တင်တာ ဖြစ်လာနိုင်သေးပြီး နည်းပြ တန်ဟက်ကလည်း အခွင့်ရတာနဲ့ သူ့ စိတ်ကြိုက် ကစားသမားကို ခေါ်ဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။