အမ်ဘာပေ ဟာ စာချုပ်သစ် နောက်ထပ် သက်တမ်းတိုး မချုပ်ဆိုတော့တာကြောင့် ပီအက်စ်ဂျီ က ပြင်သစ်သားကို ရောင်းချဖို့ စဉ်းစားလာပါတယ်။ ဘာပေ ကို ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့က စောင့်ကြည့်နေပါပြီ။
အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ဝယ်ယူမယ့် ကလပ်အသင်း ရှာဖွေနေပါတယ်။
လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗယ်ဗာဒီ အား ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု လုပ်ထားကြောင်း စပိန် သတင်းတွေက ဖော်ပြနေပါတယ်။
ဘရိုက်တန် အသင်းဟာ ချယ်ဆီးလူငယ် ကိုးဝဲလ် အတွက် ပေါင် သန်း ၄ဝ နဲ့ ဒီတပတ်ထဲမှာ ကမ်းလှမ်းမှု ထပ်မံ တင်သွင်းပါဦးမယ်။ ပေါင် သန်း ၃ဝ နဲ့ အရင် ကမ်းလှမ်းမှုကိုတော့ ချယ်ဆီးက ငြင်းဆန်ပယ်ချခဲ့တာပါ။
ဆော်ဒီကလပ် Al-Ittihad က ချယ်ဆီး ကွင်းလယ် ကစားသမား ကန်တေကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆေးစစ်မှုလည်း ပြီးစီး အောင်မြင်ပြီ ဖြစ်လို့ အပြောင်းအရွှေ့ ပြီးစီးသွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီအက အငှားထွက် ကစား ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှုး ဘာလိုဂန်နဲ့ အနာဂတ် ကိစ္စ အတွက် အာဆင်နယ် က ဆွေးနွေးပြောဆိုထားပါတယ်။ ဘာလိုဂန်ကို လိုက်ပ်ဇစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးအသင်းဟာ ကီပါ နေရာ အစားထိုးဖို့ ဂိုးသမားပစ်မှတ်တွေ အဖြစ် အင်တာမီလန်ရဲ့ အိုနာနာနဲ့ အေစီမီလန်ရဲ့ Mike Maignan တို့ကို ချိန်ရွယ်လာပါတယ်။
အင်တာကလည်း ဆက် မခေါ်သလို၊ ချယ်ဆီးကလည်း ပြန်မခေါ်ချင် ဖြစ်နေတဲ့ တိုက်စစ်မှုး လူကာကူ အား ဆော်ဒီကလပ်တွေ ဘက်က စိတ်ဝင်စားမှု ရှိနေပါတယ်။
အက်စတွန်ဗီလာနဲ့ လမ်းခွဲပြီးတည်းက အသင်း လက်မဲ့ ဖြစ်နေတဲ့ စတီဗင် ဂျရတ်ဟာ ဆော်ဒီကလပ် Al-Ettifaq ကို နည်းပြ အဖြစ် တာဝန်ယူဖို့ နီးစပ်နေပါတယ်။