၂၀၂၂-၂၃ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီဖြစ်သလို ဒီရာသီမှာ ကစားသမားကောင်းတွေ အများကြီး ပေါ်ထွက်လာခဲ့ကာ ဘောလုံးကမ္ဘာရဲ့ ဂုဏ်သိက္ခာ အကြီးဆုံး တစ်ဦးချင်းဆုဖြစ်တဲ့ ဘလွန်းဒီအောဆု အတွက် ပြိုင်ဆိုင်လာကြတော့မှာပါ။
၂၀၂၂-၂၃ ရာသီဝက်လောက်မှာ ကမ္ဘာ့ဖလား ကျင်းပသွားခဲ့တာနဲ့အတူ ကာတာမှာ တောက်ပခဲ့တဲ့ ကစားသမား တချို့ဟာ ဆုအတွက် အခွင့်အရေး ပိုများနိုင်ပါတယ်။
Goal က ဖော်ပြလာတဲ့ ဘလွန်းဒီအော့ဆုအတွက် ဘောလုံးကမ္ဘာရဲ့ Power Rankings အမြင့်ဆုံး ၅ ဦး ကို ဖော်ပြပေးလိုပါတယ်။
(၅) ဒီဘရိုင်း (မန်စီးတီး)
မန်စီးတီးအသင်း ဖလား ၃ လုံး အောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ ကျောရိုးဖြစ်တဲ့ ဒီဘရိုင်းဟာ သူ့မျိုးဆက်မှာ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်ပါပဲ။ ကစားသမားဘဝ အရာအားလုံး အောင်မြင်ဖို့ လာမယ့်ရာသီမှာ စူပါလိဂ်နဲ့ စတင်ရမှာဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဟာလန်းနည်းတူ ဘလွန်းဒီအောဆုမှာ မက်ဆီရဲ့ အဓိက ပြိုင်ဘက်ထိ ဖြစ်လာနိုင်ပါတယ်။
(၄) ဗီနီစီးယပ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)
ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုးနဲ့ ဖန်တီးမှု ၄၉ ကြိမ် လုပ်နိုင်ခဲ့တဲ့ ဗီနီစီးယပ်ဟာ ကိုပါဒယ်ရေး၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ အနိုင်ရဖို့တော့ ကျရှုံးခဲ့တာ ဖြစ်ပါတယ်။
(၃) ကီလီယမ် အမ်ဘာပေ (ပီအက်စ်ဂျီ)
သွင်းဂိုး ၅၃ ဂိုး၊ ဖန်တီးမှု ၁၃ကြိမ် လုပ်နိုင်ခဲ့သလို လီဂူးဝမ်းဖလား အောင်မြင်ခဲ့တဲ့ ဘာပေဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ်နဲ့အတူ ဒုတိယဆု ရခဲ့ပါတယ်။ ကလပ်နဲ့ နိုင်ငံအတွက် ဂိုး ၅၀ ကျော်သွင်းခဲ့ပြီး ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ပြင်သစ်သားဟာ ဒီဆုအတွက် ရေပန်းစားပေမယ့် အလှမ်းဝေးနေခဲ့ပါပြီ။
(၂) အေလင်း ဟာလန်း (မန်စီးတီး)
ဒီရာသီမှာ ကိုယ်တိုင် ၅၃ဂိုး သွင်းခဲ့သလို ဖန်တီးမှု ၈ကြိမ် လုပ်နိုင်ခဲ့တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား အောင်မြင်ခဲ့ပေမယ့်
ဘလွန်းဒီအော ဆုရဖို့ လုံလောက်မှာ မဟုတ်ပါဘူး။ ဟာလန်းဟာ ဘောလုံးကမ္ဘာရဲ့ ဂန္တဝင်ဖြစ်တဲ့ မက်ဆီနဲ့ ယှဉ်ပြိုင်ရမှာမို့ ဒီဆုအတွက် ခြေတစ်လှမ်း နောက်ကျနေခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းရဲ့ လက်ဖျားခါရလောက်စရာ စွမ်းဆောင်ရည်တွေကို လာမယ့်ရာသီတွေမှာ ဆက်ထိန်းနိုင်ရင် အနာဂတ်မှာ ဒီဆုကို သူအောင်မြင်မယ်ဆိုတာတော့ သံသယဖြစ်စရာ မရှိပါဘူး။
(၁) လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ)
၂၀၂၂-၂၃ ဘောလုံးရာသီမှာ ကိုယ်တိုင် ၃၇ ဂိုးသွင်း ဖန်တီးမှု ၂၅ကြိမ် ရခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားနဲ့ လီဂူးဝမ်း အမှတ်ပေးဖလားတွေ အောင်မြင်ခဲ့သလို Trophee des Champions လည်းဖြစ်ခဲ့ပါတယ်။
ရာသီကုန်ရင် မေဂျာလိဂ်ကို ပြောင်းရွှေ့တော့မယ့် မက်ဆီဟာ အနာဂတ်မှာ ဘလွန်းဒီအောဆုကို အနိုင်ရဖို့ ခက်ခဲ သွားတော့မှာပါ။ ဒါပေမယ့် နောက်ဆုံး စုတ်ချက်အဖြစ် ၂၀၂၃ ခုနှစ်ဟာ သူ့ရဲ့ ကစားသမားဘဝ ၈ ကြိမ်မြောက် ဘလွန်းဒီအောဆု အနိုင်ရမယ့် နှစ်လို့ ရေပန်းစားနေပါတယ်။