ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ပြီးရင် ကစားသမားဘဝ ကြီးကြီးမားမား အောင်မြင်မယ်လို့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျေမီ ကာရေဂါက ယုံကြည်နေပေမယ့် ဆုဖလားတွေနဲ့ ပတ်သက်လို့ သတိပေးစကား ပြောဆိုခဲ့ပါတယ်။

ဂန်းနားတို့ဟာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ကလပ် သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး အဖြစ် ပေါင် သန်း ၁၀၀ တန် စာချုပ်နဲ့ လက်မှတ်ထိုးဖွယ် ရှိပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမား ကို မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကပါ စိတ်ဝင်စားကြပေမယ့်လို့ အာတီတာရဲ့ လက်အောက်မှာ ကစားဖို့ကို ရိုက်စ် ကိုယ်တိုင်က စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ကာရေဂါကတော့ ရိုက်စ်ဟာ အာဆင်နယ်မှာ အောင်မြင်မယ်လို့ ယုံကြည်သလို အာတီတာရဲ့ အသင်းကို နောက် တစ်ဆင့်ထံ ရောက်အောင် ကူညီပေးနိုင်မယ်လို့ပါ ထောက်ခံခဲ့တယ်။

ဒါပေမယ့် လက်တလောမှာ ဆုဖလား အောင်မြင်ရေး အာမခံချက်ရှိတဲ့ အသင်းက မန်စီးတီး တစ်သင်းပဲ ရှိပါတယ်လို့ သတိပေးခဲ့တယ်။

‘ ရိုက်စ်အတွက်ကော ဟယ်ရီကိန်းအတွက်ကော ခက်ခဲပါတယ်။ သူတို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်စွမ်း မရှိတဲ့ ကလပ်တွေမှာ ရှိနေတာပါ။ ဒါပေမယ့် မန်စီးတီးမှ မဟုတ်ဘဲ ဘယ်အသင်းကို သွားသွား သူတို့ဟာ ဆုဖလား အောင်မြင်ဖို့ အာမခံချက် မရှိပါဘူး။

ဒါပေမယ့် အာဆင်နယ်နဲ့အတူ စိန်ခေါ်နိုင်မလားဆိုတဲ့ အခွင့်အရေးကို ကိုယ့်ဘာသာ ပေးလိုပါလိမ့်မယ်။ ရိုက်စ်က ချယ်ဆီးကို ရောက်မယ်လို့ ကျနော် အမြဲ ခံစားမိခဲ့ပေမယ့် သူက အာဆင်နယ်ကို ရောက်သွားနိုင်တယ်။ အဲ့တာက သူ့အတွက် ကောင်းပါလိမ့်မယ်။

အာဆင်နယ်ကို ရောက်တာက ရိုက်စ်အတွက် ခြေလှမ်း တစ်ဆင့်မြင့်တာ ဖြစ်နိုင်ပေမယ့်လို့ ဂန်းနားတို့နဲ့အတူ ဆုဖလားကြီးတွေ အောင်မြင်မယ်လို့ အာမခံချက်တော့ မရှိပါဘူး။ သူက အရွယ်ကောင်းကို ရောက်နေပြီး ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်နေပါပြီ။

ဘယ်လင်ဟမ် ဒေါ့မွန်ကို ရွေးခဲ့သလို အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်အတွက် သိပ်ကို အံဝင်ဂွင်ကျဖြစ်မယ့် ကလပ်ပါပဲ။ သူက အာဆင်နယ်ကို နောက်တစ်ဆင့်ထံ မြှင့်တင်ပေးပါလိမ့်မယ် ’ လို့ ကာရေဂါက သတိပေးခဲ့တာ ဖြစ်ပါတယ်။