ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေတို့ အဖွဲ့ဟာ ပြင်သစ်ကလပ် Strasbourg ရဲ့ ရှယ်ယာ အများစုကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ် ဟာ ဒီအပတ်ထဲမှာ ဆေးစစ်ဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ချူဝါမန်နီ အတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြလာပြီး ရီးရဲလ်မက်ဒရစ်ကတော့ ပေါင် သန်း ၈၀ ထက် နည်းတဲ့ ပမာဏ ဆို မစဉ်းစားဘူး ငြင်းဆန်ပနေါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန် တိုက်စစ်မှုး ဟယ်ရီ ကိန်း အား လက်ရှိကလပ် စပါးအသင်းထံ ပြောင်းရွှေ့ခွင့် တင်ဖို့ တွန်းအားပေးနေပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ပါတေးကို ဆော်ဒီကလပ်တွေက ယူရို သန်း ၄ဝ နဲ့ ခေါ်ဖို့ ချိတ်ဆက်မှု ရှိနေတဲ့ အပြင် ဂျူဗင်တပ် အသင်းကလည်း ခေါ်ယူဖို့ မေးမြန်းထားပါတယ်။

နယူးကာဆယ် အသင်း တာဝန်ရှိသူတွေဟာ အေစီမီလန် ကစားသမား တိုနာလီကို ခေါ်ယူရေး အပြီးသတ်ဖို့ ရိုမေးနီးယားထိ လိုက်သွားရန် ပြင်ဆင်နေပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ကို ခေါ်ယူရေးမှာ အာဆင်နယ်နဲ့ အပြိုင်လုဖို့ မန်စီးတီးလည်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ရိုက်စ်ကို ယူနိုက်တက်ကလည်း ကစားသမား အလိုက်ပေးမှုတွေနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။

လာဇီယိုအသင်းထံက စိတ်ဝင်စားမှု ရရှိနေပေမယ့် အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ဟာ အသင်း မပြောင်းဘဲ ပွဲထွက်ခွင့် အတွက် မြောက်လန်ဒန်ကလပ်မှာ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်း ပက်ထရစ် ဗီအဲရာ က လိဒ်စ် ယူနိုက်တက် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

မန်စီးတီး ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားကိုလည်း ဆော်ဒီကလပ်တွေက ခေါ်ဖို့ ချိတ်ဆက်လာတာကြောင့် ကာရေဂါကတော့ ဘောလုံးကမ္ဘာ အလွှမ်းမိုးခံရတော့မယ် လို့ သတိပေးလိုက်ပါတယ်။