မနှစ်ကရာသီမှာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ဖလား ပြိုင်ဘက်ဟာ အာဆင်နယ် ဖြစ်ခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ သရဲနီဟောင်း လူးဝစ် ဆာဟာက ခန့်မှန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ခေါ်ယူမှုကြီးတွေ ပြုလုပ်နေတာဖြစ်ပြီး ချယ်ဆီးမှ ကိုင်ဟာဗက်ကို ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူထားပါတယ်။ ထပ်ပြီး ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်အတွက် ပေါင် ၁၀၅ သန်း၊ အေဂျက်မှ တင်ဘာအတွက် ပေါင် ၄၁.၅ သန်းတို့ဖြင့် ချိတ်ဆက်နေသေးတာပါ။
ဒီလို ပြင်ဆင်မှုကြီးတွေ ပြုလုပ်နေပေမယ့် အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် ရမှာ မဟုတ်ဘူးလို့ သရဲနီဟောင်းက ထုတ်ပြောလာပါတယ်။
ဆာဟာကပဲ ‘ လီဗာပူးက ဇယားထိပ်ကို ပြန်တက်လာမှာဖြစ်ပြီး အဓိက ခြိမ်းခြောက်သူ ဖြစ်လာပါလိမ့်မယ်။ လူတိုင်းက မနှစ်ကရာသီ လုပ်ပြခဲ့မှုတွေကြောင့် အာဆင်နယ်က အဓိက စိန်ခေါ်သူဖြစ်မယ်လို့ ပြောတာတွေ ရှိနေတယ်။
ဒါပေမယ့်လို့ ဒီနွေမှာ အာဆင်နယ်အသင်း ကောင်းမွန်တဲ့ ခေါ်ယူမှုတွေကို ပြုလုပ်နိုင်မယ် ဆိုရင်တောင် နောက်ရာသီ သူတို့အသင်းက မန်စီးတီး၊ လီဗာပူး၊ မန်ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ အထက်မှာ ရာသီသိမ်းခဲ့ရင် အံ့ဩမိမှာပါပဲ ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။