လီဗာပူးအသင်းဟာ ဒီရာသီ တတိယအကြိမ် ကစားသမား ခေါ်ယူမှု အတွက် ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာ အတွက် ကမ်းလှမ်းမှု တင်သွင်းတော့မှာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ဒီနွေမှာ သူ့ရဲ့ ကွင်းလယ်ကို အင်အားသစ်တွေနဲ့ ပြန် အားဖြည့်ဖို့ ရည်ရွယ်နေတာပါ။ ဒါကြောင့်လည်း မက် ကယ်လစ္စတာကို ခေါ်ယူတဲ့ အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း လိုက်ပ်ဇစ်မှ ပေါင် သန်း ၆၀ တန် ကွင်းလယ် ဆိုဘိုစလိုင်းကို ထပ် ခေါ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ကွင်းလယ် အားဖြည့်မှုက ဒီနှစ်ယောက်နဲ့တင် ရပ်မသွားဘဲ တတိယ ကစားသမား ခေါ်ယူမှု အဖြစ် ဆောက်သမ်တန် အသင်းမှ အသက် ၁၉ နှစ်အရွယ် လာဗီယာ ကို ရဖို့ အားစိုက်လာပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ဦးစားပေးမှာဖြစ်ကာ လာဗီယာကို ခေါ်ယူရေး ပြိုင်ဆိုင်မှုကနေ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်လို့ လာဗီယာ အတွက် ဈေးအများကြီး ထပ် သုံးလိုဟန် မရှိပါဘူး။

လာဗီယာ ဟာ မန်စီးတီးကနေ ဆောက်သမ်တန် အသင်းထံ ပြီးခဲ့တဲ့နှစ်ကမှ ပေါင် ၁၄ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာ အထင်ကြီးဖွယ် စွမ်းဆောင်ပြထားတာပါ။ စီးတီးက ပြန်ဝယ်ခွင့် ထည့်သွင်းကာ ရောင်းခဲ့ပေမယ့် နောက်နှစ်နွေထိ ထိုအချက်ကို အသက်သွင်းဖွယ် မရှိပါဘူး။

လီဗာပူးအသင်းက လာဗီယာကို စိန့်တွေ တောင်းဆိုတဲ့ ပေါင် သန်း ၅ဝ ထိ မပေးဘဲ မျှတတဲ့ တန်ကြေးနဲ့သာ ကမ်းလှမ်းမှု တင်သွင်းဖွယ် ရှိပါတယ်။