စီ ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်နာဆာ အသင်းကလည်း အင်တာမီလန် ဂိုးသမား အိုနာနာ ကို စိတ်ဝင်စားလာခဲ့ပြီး မန်ယူနိုက်တက်ကတော့ အိုနာနာ အတွက် ယူရို သန်း ၄ဝ နဲ့ ကမ်းလှမ်းထားကြောင်း သတင်း ထွက်လာပါတယ်။
ဆော်ဒီကလပ် Al-Ettifaq အသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ စတီဗင်ဂျရတ်ဟာ သူ့ရဲ့ ပထမဆုံံး ပစ်မှတ်တွေ အဖြစ် လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ချယ်ဆီး တိုက်စစ်မှုး အူဘာမီးယန်းတို့ကို ချိန်ရွယ်လာပါတယ်။
ဘာစီလိုနာ အသင်းဟာ ယခင်က လစာကြွေးကျန်တွေအတွက် အခုထိ မက်ဆီကို လစာပြန်ပေးနေရဆဲ ဖြစ်ကြောင်း အသင်း ဥက္ကဌ လာပေါ်တာက ဝန်ခံခဲ့ပြီး ၂၀၂၅ မှ မက်ဆီကို ပေးစရာတွေ ကုန်မယ်လို့ ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြည်တွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူ အသင်းထံ ဟာဗက်နဲ့ မောင့်ကို ရောင်းချလိုက်တဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်း ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ပစ်မှတ် အဖြစ် သတင်းကြီးခဲ့တဲ့ ကွင်းလယ် ကစားသမား အမ်မရာဘတ် အတွက် ဘာကမ်းလှမ်းမှုမှ မရသေးကြောင်း ဖီအိုရင်တီးနား အမှုဆောင်ချုပ် ဂျိုး ဘာရုန်း က ထုတ်ဖော် ပြောဆိုလာပါတယ်။
ချယ်ဆီးအသင်းဟာ ဖလာမင်ဂို အသင်းမှ ဘရာဇီး ကွင်းလယ်လူ မက်သီးယပ်စ် ဖရန်ကာ အတွက် ယူရို သန်း ၂ဝ ဝန်းကျင် သုံး ခေါ်ယူဖို့ နီးစပ်နေပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေက အတော် ခရီးရောက်နေပြီ လို့ သိရပါတယ်။
လီဗာပူးနဲ့ စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာ ကိုလည်း ဆော်ဒီကလပ်တွေဘက်က အလေးအနက် စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ ဖြစ်လာမလား စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။