ဝါရင့် ပရီးမီးယားလိဂ် နည်းပြဟောင်းကြီး ဖြစ်တဲ့ ဟယ်ရီ ရက်နက်က နောက်ရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးကို အဓိက စိန်ခေါ်နိုင်မယ့် အကြီးဆုံး ပြိုင်ဘက်က ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို သုံးသပ် မှတ်ချက်ပြု သွားခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ၎င်းတို့ရဲ့ ၃ရာသီဆက် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ အချိန်တော်တော်များများ ဇယားထိပ်မှာ ဦးဆောင်ပြီးမှ ဒုတိယ နေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။
တန်ဟက်ရဲ့ ပထမရာသီ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကလည်း အဆင့် ၃ နေရာ ယူခဲ့ကာ နယူးကာဆယ်က အဆင့် ၄ ရခဲ့ပြီး လီဗာပူးကတော့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ကပ်လွဲခဲ့ပါတယ်။
နောက်ရာသီမှာ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီးတို့က မန်စီးတီးကို ယှဉ်နိုင်ဖို့ အသေအချာ ပြင်ဆင်နေပြီး ရက်နက်ကတော့ ဒီနွေ ခေါ်ယူမှု တစ်ခုကြောင့် မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာမယ့် အသင်းကို သုံးသပ် ပြောဆိုလာပါတယ်။
” ဝက်စ်ဟမ်ကနေ ဒီကလန်ရိုက်စ် ထွက်သွားတာ ဝမ်းနည်းစရာပါ။ ကျနော်က သူ အနည်းဆုံး ၂နှစ်လောက်တော့ ဆက်နေဦးမယ် ထင်ထားတာ။ ဒါပေမယ့် သူက အာဆင်နယ်ရဲ့ နောက်ရာသီ မန်စီးတီးကို ကျော်ဖြတ်ဖို့ ကြိုးစားမှုမှာ သေချာပေါက် အဓိက ကျလာလိမ့်မယ်။
မန်စီးတီးကတော့ နောက်ထပ် တစ်ရာသီ ရေပန်းအစားဆုံး အသင်း ဖြစ်ဦးမှာပါ။ ဒါပေမယ့် အာဆင်နယ်က ခေါ်ယူမှုကောင်း တချို့ ပြုလုပ်ထားပြီး သိပ်ကို အင်အားတောင့်လာလိမ့်မယ်။ ကျနေ်ာကတော့ မန်စီးတီးကို အဓိက စိန်ခေါ်မှာက အာဆင်နယ်ပဲ လို့ မြင်ထားတယ်။ သေချာပါတယ်။ ” လို့ ရက်နက်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ချယ်ဆီးထံမှာ ကိုင်ဟာဗက် ကို ရထားပြီး ဒီကလန်ရိုက်စ်၊ တင်ဘာတို့ကိုလည်း ကစားသမားသစ်တွေ အဖြစ် မိတ်ဆက်တော့မှာ ဖြစ်ကာ အကောင်းစား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။