ဂျူဗင်တပ် တိုက်စစ်မှုး ဗလာဟိုဗစ်ကို ပီအက်စ်ဂျီ အသင်းကလည်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် လာပါတယ်။ စီးရီးအေကလပ်က ရောင်းဖို့ ပြင်နေတဲ့ ဗလာဟိုဗစ်ကို ချယ်ဆီးကလည်း ချိတ်ဆက်နေတာပါ။

နယူးကာဆယ် အသင်းထံ ပြောင်းဖို့ နီးစပ်နေပြီ ဖြစ်တဲ့ လက်စတာ တောင်ပံတိုက်စစ်သမား ဟာဗေး ဘန်းစ်ကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန် ကို အငှားနဲ့ ခေါ်ထားရာကနေ အပြီး ဝယ်ယူဖို့ နော့တင်ဟမ် ဖောရက်စ်က ကြိုးစားနေပါတယ်။

ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး ဂျူလီယန် အဲဗာရက်စ်ကို စိတ်ဝင်စားနေပေမယ့် မန်စီးတီးက ရောင်းချလိုခြင်း မရှိပါဘူး။အငှားနဲ့ ဆိုရင်လည်း ကစားသမားက ကလပ်ကနေ မခွာလိုဘူး ဖြစ်နေပါတယ်။

မန်စီးတီးဟာ ယူနိုက်တက်အသင်းရဲ့ ၁၆ နှစ်အရွယ် ခံစစ်မှူး ဟယ်ရီဆန် ပါကာကို ခေါ်ယူနိုင်ရေး သဘောတူညီမှု ရဖို့ နီးစပ်နေပါပြီ။

ချယ်ဆီးအသင်းဟာ ဆန်းတိုစ့် တိုက်စစ်မှူး အန်ဂျလို ဂါဘရီရယ်ကို ယူရို ၁၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု အားလုံး ပြီးမြောက်ခဲ့ပါပြီ။ အမေရိကန် ခရီးစဉ်အပြီး သူ့ကို အငှားချသွားမှာ ဖြစ်ပါတယ်။

စပါးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်သစ် ကမ်းလှမ်းမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ နီးပါး ပေးချေရမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ နွေခေါ်ယူမှုတွေအတွက် အသုံးစရိတ်ရဖို့ တောင်ပံသမား စိန့်မက်ဆီမန်ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါပြီ။

စပါးအသင်းဟာ မနှစ်တုန်းက ရှက်တာဒိုးနက်ကနေ ဖူလ်ဟမ်အသင်းထံ ရာသီဝက် အငှားလာကစားနေတဲ့ ကွင်းလယ်လူ မေနာ ဆော်လိုမန်ကို အလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လူကာကူဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ချယ်ဆီးအသင်းထံ ပြန်ရောက်လာပါမယ်။ အင်တာဘက်က နောက်ထပ် ကမ်းလှမ်းမှု လုပ်သွားမှာ ဖြစ်ပေမယ့် နှစ်သင်းကြား စကားပြောမှု ရှည်ကြာနေဦးမှာပါ။