မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်ကပဲ တရားဝင် ကြေညာထားပါတယ်။

မန်ချက်စတာ အခြေစိုက် MEN ရဲ့ ဖော်ပြချက်အရ မေဆန်မောင့်ဟာ မန်ယူနိုက်တက်မှာ အဆိုပါ ဂျာစီ နံပါတ်ကို ရွေးချယ်ဖို့ စိတ်အားထက်သန်စွာ တောင်းဆိုခဲ့တာမျိုး မဟုတ်ပါဘူး။ နည်းပြတန်ဟက် ကိုယ်တိုင်ကပဲ ကျောနံပါတ် ၇ ယူပေးဖို့ မောင့်ကို ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားအတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ကနဦး ပေါင် ၅၅ သန်း၊ ထပ်တိုးကြေး ပေါင် ၅ သန်းပေးဖို့ သဘောတူခဲ့ကာ တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ထိ ပေးသွားမှာပါ။ သူဟာ နည်းပြတန်ဟက်ရဲ့ လူစာရင်းမှာ ကာဆီမီရို၊ ဖာနန်ဒက်စ်တို့ရဲ့ အရှေ့က ကစားရဖွယ် ရှိပါတယ်။

တန်ဟက်ကတော့ သူတို့ဘက်က မောင့်ကို ဘယ်လောင်တောင်မှ မြင့်မြင့်မားမား တန်ဖိုးဖြတ်ထားကြောင်း အားကောင်းတဲ့ အချက်ပြမှုအဖြစ် အခုလို ဂန္တဝင် နံပါတ်ကို ဆက်ခံစေခြင်းနဲ့ ထုတ်ပြခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ကစားသမားသစ် အဖြစ် MUTV နဲ့ မိတ်ဆက် အင်တာဗျူးမှာ ကစားသမားသစ် မေဆန်မောင့်ကပဲ သူမန်ချက်စတာကို ပြောင်းလာရတာဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ဆုဖလားကြီးတွေ အနိုင်ရယူလိုတာကြောင့် ဖြစ်ကြောင်း ရင်ဖွင့်ခဲ့ပါတယ်။