လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ် အက်တီဖတ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း + ထပ်ဆောင်းကြေးတွေနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ပါတော့မယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့ကာ ခရိုအေးရှား ခံစစ်မှူးက မန်ချက်စတာ ကလပ်နဲ့ ပထမပိုင်း ဆေးစစ်မှု ပြီးမြောက်ထားပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ ကာရင်တန်မှာ ဂိုးသမား အိုနာနာကို ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီး စာရွက်စာတမ်း လက်မှတ်ထိုးမှုတွေကိုပါ အပြီးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဆော်ဒီကလပ် Al Ahli အသင်းတို့ဟာ မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၃၅ သန်းဖြင့် သဘောတူညီခဲ့ကြပါပြီ။ မန်စီးတီးက မာရက်ဇ် နေရာအတွက် ဘာစီလိုနာ ကစားသမား ရာဖင်ညာ ကို ပြန်ခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။

နယူးကာဆယ်အသင်းဟာ လက်စတာ တိုက်စစ်သမား ဟာဗေးဘန်းစ်ကို ပေါင် ၃၈ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်သမား အူဘာမီးယန်းဟာ လီဂူးဝမ်းကလပ် မာဆေးအသင်းထံ ပြောင်းဖို့ သဘောတူညီမှု ရသွားခဲ့ပါပြီ။

Al Hilal အသင်းရဲ့ လူးဝစ် ဒီယက်ဇ်အတွက် ယူရို သန်း ၅၀ တန် ကမ်းလှမ်းလိုမှုကို နားထောင်ပေးဖို့ လီဗာပူးဘက်က စိတ်မဝင်စားပါဘူး။ ကလော့ပ်က ဒီယက်ဇ်ကို အသင်းရဲ့ ရေရှည် အစီအစဉ်တွေထဲ ထည့်သွင်း ထားပါတယ်။

နွေအသုံးစရိတ် ပေါင် သန်း ၂၀၀ ထိ ထုတ်သုံးထားပေမယ့်လို့ အာဆင်နယ် အသင်းဟာ နောက်ထပ် ခေါ်ယူမှုတွေကို ပြုလုပ်ဖို့ အဆင်သင့် ရှိနေပါတယ်။

စီးရီးအေကလပ်တွေနဲ့ ညိနှိုင်းမှု အဆင်မပြေဖြစ်နေတဲ့ လူကာကူကို ဒီနွေမှာ ခေါ်ယူသွားဖို့ ဆော်ဒီ ကလပ်တွေဘက်က ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။

မန်စီးတီး ဘယ်အစွန်လူ ကန်ဆယ်လိုဟာ အနာဂတ် ကိစ္စ သေချာ မသိသေးတာကြောင့် မန်ချက်စတာ ကလပ်နဲ့အတူ အာရှ ခရီးစဉ်ကို လိုက်ပါမှာ ဖြစ်ပါတယ်။