အာဆင်နယ် အသင်းဟာ ဒီနေ့နံနက်ပိုင်းမှာ မေဂျာလိဂ် အောစတား အသင်းနဲ့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ သူ ခေါ်ယူခဲ့တဲ့ ဂန်းနားသစ် ဟာဗက်ဇ် အပေါ် အားရနေပြီး ပွဲ အပြီးမှာ အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။
” သူက ကျနေ်ာတို့ကို မတူခြားနားတဲ့ အရာတွေ ပေးနိုင်သူပါ။ ဥပမာ သူ့ရဲ့ အရပ်အမောင်းဗျာ။ ကျနော်တို့ pressing ကို ကျော်ဖြတ်ရမယ် ဆိုရင် သူက အယောင်ပြ ကစားသမား ဖြစ်နိုင်ပါတယ်။
အခုနေမှာ သူက ကွင်းလယ် ဗဟို တိုက်စစ်သမား အဖြစ် ကစားနေတယ်။ ဒါပေမယ့် ဘောလုံးရာသီ စရင် တလျောက် လုံး သူက မတူညီတဲ့ နေရာတွေမှာ ကစားသွားဦးမှာပါ။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ ကိုင်ဟာဗက်ဇ် က အဝေးကစ်နဲ့ အလန်းစား သွင်းဂိုး တစ်ဂိုး သွင်းခဲ့သလို ဂိုးထောက်ပံ့မှုလည်း တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါတောင် ဂျာမန်သားဟာ ပွဲချိန် ၄၆ မိနစ်မှ ကွင်းထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဟာဗက်ဇ် က ဒီပွဲမှာ ကွင်းလယ်ကနေ တိုက်စစ်ကို အတော် တက် ကစားခဲ့သလို တခါတလေလည်း ပြန်ဆင်းကာ ကွင်းလယ်မှာ ကျစ်လစ်အောင် ပြန်တည်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။