အာဆင်နယ် တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူရေးဟာ သိပ်စျေးကြီးလွန်းတယ်လို့ ယူဆခြင်းကြောင့် အင်တာမီလန်က အပြောင်းအရွှေ့ကနေ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းနဲ့ လီဗီ ကိုးဝဲလ်ကြား ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ အင်္ဂလန်သား တိုက်စစ်မှူးဟာ နည်းပြပိုချက်တီနိုရဲ့ အသင်းမှာ နေရာရမှာဖြစ်ပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်မယ့် အမ်ဘာပေကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးခွင့်အား ပီအက်စ်ဂျီတို့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပြင်သစ် တိုက်စစ်မှူးရဲ့ စာချုပ်စာ ၂၀၂၄ မှာ တရားဝင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အမ်ဘာပေကို ခေါ်ယူဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လို့ ကလော့ပ်က ရယ်မောခဲ့ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူးကို မခေါ်နိုင်ကြောင်း ငြင်းဆန်လိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘရိုက်တန် ဂိုးသမား ရော်ဘတ် ဆန်းချက်စ်ကို ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဆန်းချက်စ်ဘက်က ချယ်ဆီးထံ ပြောင်းဖို့ သဘောတူညီထားပါပြီ။

ဆာဒီယို မာနေးဟာ ဒူဘိုင်းမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ကာ မကြာခင်မှာတော့ Al Nassr အသင်းရဲ့ ကစားသမားသစ် ဖြစ်လာပါတော့မယ်။

ပီအက်စ်ဂျီဘက်က မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ခေါ်ယူရေး လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုဟာ Al Ittihad အသင်းထံ ၃ နှစ်စာချုပ်ဖြင့် အပြီးသတ် ပြောင်းရွှေ့သွားပါပြီ။

ချယ်ဆီးဘက်က လူကာကူနဲ့ ဗလာဟိုဗစ်ကို အလဲအထပ် ပြုလုပ်ဖို့ ညိနှိုင်းနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်မယ့် အခွင့်အရေး ရှိလာပါတယ်။

ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ် ယာယာကို ခေါ်ယူခဲ့ရင်တောင် အာဆင်နယ်ရဲ့ ဦးစားပေး ဂိုးသမား နေရာကို ရမ်းစ်ဒယ်က ဆက်လက် ပိုင်ဆိုင်နေဦးမယ်လို့ သိရပါတယ်။