အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့် ဂိုးသမား ဒေးဗစ် ယာယာကို ခေါ်ယူရေး ကြိုးစားနေတယ်လို့ The Athletic က တစ်ဆင့် သတင်းထောက် David Ornstein က ဖော်ပြလာပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ စပိန်လက်ရွေးစင် ဂိုးသမားကို ပွဲထွက်နေရာအတွက် ရမ်းစ်ဒယ်နဲ့ ယှဉ်ပြိုင်စေဖို့ အလိုရှိနေတာပါ။ ယာယာ ကိုယ်တိုင်ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့လိုပြီး ဘရန့်ဖိုဒ့် ဂိုးနည်းပြဟောင်း ကန်နာနဲ့ ပြန်ပြီး လက်တွဲလိုစိတ်ရှိတယ်လို့ သိရပါတယ်။
ဒီအပြောင်းအရွှေ့ သတင်းကို အာဆင်နယ် ပရိသတ်တွေက အခုလို တုန့်ပြန်နေကြပါတယ်။
ဂန်းနားပရိသတ် တစ်ဦးက ” ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။ ယာယာက အရန်လူဖြစ်လာဖို့ထက် ရမ်းစ်ဒယ်အတွက် သိပ်ကောင်းတဲ့ ပြိုင်ဘက်ဖြစ်လာမှာနော်။ အာတီတာတော့ သိပ်ရက်စက်တာပဲ ဒါပေမယ့် ဒါကပဲ အာဆင်နယ် ဘယ်အနေအထား ရောက်လာပြီးလဲ ပြသနေတယ် ” လို့ ပြောပါတယ်။
နောက်တစ်ဦးက ” မက်တန်နာကို မလေးစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ရမ်းစ်ဒယ် အဆင့်မျိုး မရှိပါဘူး။ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ရမယ်ဆိုတော့ ဂိုးသမားနေရာ ပြိုင်ဆိုင်မှု ပြင်းထန်တာ သိပ်ကောင်းမှာပါ။ ” လို့ ဆိုတယ်။
နောက်ထပ် တစ်ဦးက ” ရမ်းစ်ဒယ်နဲ့ ယာယာဆိုလို့ကတော့ ရူးပြီးပေါ့ကွာ။ အာတီတာက သိပ်ကို အညှာအတာ ကင်းတာနော်။ တန်နာက သိပ်ပြီး မဆိုးလာတာတောင် သူက ထပ်ခေါ်လိုနေတာ ” လို့ ပြောပါတယ်။
နောက်ထပ် ဂန်းနားတစ်ဦးကလည်း ” ရမ်းစ်ဒယ်နဲ့ တန်နာ အတွဲထက် ရမ်းစ်ဒယ်နဲ့ ယာယာအတွဲကို ပိုကြိုက်တာပေါ့ကွာ။ ဂိုးသမားနေရာ လီနိုနဲ့ ပြိုင်ရတုန်းကဆိုရင် ရမ်းစ်ဒယ်က အရမ်းကို ကောင်းတာလေ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။