ဒီနွေမှာ အာဆင်နယ် အသင်းထံ ပြောင်းလာတဲ့ ကစားသမားတွေထဲက တစ်ဦးဟာ အမ်းမရိတ်မှာ အောင်မြင်မှာ မဟုတ်ဘူးလို့ ဝါရင့် နောက်ခံလူဟောင်းကြီး ဝီလျံ ဂါးလက်စ်က ယုံကြည်နေပါတယ်။
အာဆင်နယ် အသင်း ဟာ ရာသီသစ်အတွက် ချယ်ဆီးမှ ကိုင်ဟာဗက်၊ အေဂျက်မှ တင်ဘာနဲ့ ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်၊ ဘရန့်ဖိုဒ့်မှ ဒေးဗစ် ယာယာတို့ကို ခေါ်ယူ အားဖြည့်ထားခဲ့တာပါ။ သူတို့တွေအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားတာ ဖြစ်ပါတယ်။
အာဆင်နယ်၊ ချယ်ဆီး၊ စပါးအသင်းတို့ရဲ့ ခံစစ်မှူးဟောင်း ဝီလျံ ဂါးလက်စ်က ကစားသမားသစ်တွေထဲမှာ ဟာဗက်ဟာ ချယ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပေမယ့် မြောက်လန်ဒန်မှာ အောင်မြင်တဲ့ ကစားသမားဘဝ ရမယ် မထင်ပါဘူး။
အာဆင်နယ်မှာ ဟာဗက်ရဲ့ အရည်အချင်း အစစ်အမှန်ကို မြင်ရမယ် မျှော်လင့်လား? လို့ မေးခံရချိန်မှာ ဂါးလက်စ်က ‘ ကျနော်တော့ မထင်ပါဘူးဗျာ။ ဟာဗက်က ဒီနွေမှာ အာဆင်နယ်အသင်း ခေါ်ယူသင့်တဲ့ ကစားသမားလို့ကို ကျနော်တော့ မထင်တာပါ။
ချယ်ဆီးမှာလည်း သူ ခြေစွမ်း တည်ငြိမ်ခဲ့တာ မဟုတ်ဘူး။ အရေးပါတဲ့ သွင်းဂိုးတွေ ရယူခဲ့ပေမယ့် သူ့ စွမ်းဆောင်ရည် က ကောင်းလိုက် မကောင်းလိုက်ပါပဲ။ ကျနော်ကတော့ သူ့ရဲ့ ချယ်ဆီးကစားသမားဘဝမှာ ခြေစွမ်းကောင်းတွေ လုံလုံ လောက်လောက် မြင်ခဲ့ရတယ်လို့ မထင်ပါဘူး။
အာဆင်နယ်တို့ သူ့ကို လက်မှတ်ထိုး ခေါ်ယူလိုက်တာကို မြင်လိုက်တုန်းက တကယ်ကို နားမလည်နိုင်ခဲ့ဘူး။ သူ့ကို ခေါ်ယူ လိုက်တာကို သိပ် အံ့ဩမိပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဟာဗက်ဟာ ဒီနွေမှာ အာဆင်နယ်ကို ရောက်လာတဲ့ ကစားသမား ၄ ဦးထဲက တစ်ဦးဖြစ်ပြီး နည်းပြ အာတီတာ ကတော့ ဂျာမန်သား ကို အများကြီး မျှော်လင့်ထားဟန် ရှိပါတယ်။