လီဗာပူး ပစ်မှတ်ထား ကမ်းလှမ်းနေတဲ့ ဆောက်သမ်တန် ကွင်းလယ် ကစားသမားဟာ လာဗီယာ ကို ချယ်ဆီးကလည်း ပေါင် ၄၈ သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု တင်သွင်းလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် ထံမှ ဂိုးသမား ရာယာ အား ကနဦး အငှား တစ်ရာသီ နဲ့ အရင် ခေါ်ပြီး နောက်နှစ်မှ အပြီးသတ် ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒါက ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ညီအောင် ရှောင်လွှဲတာလို့ သိရပါတယ်။

အမ်ဘာပေဟာ ၂၀၂၄ နွေမှ ပဲရစ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ်အတွက် ချဉ်းကပ်နေမှုကို ငြင်းဆန်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ဟာ ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားအတွက် ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ခံစစ်ပိုင်း ပြန်လည် အားဖြည့်မှုကို စတင်တော့မှာဖြစ်ပြီး ပါဗက်၊ တိုဒီဘိုနဲ့ တပ်ဆိုဘာတို့ ၃ ဦးထဲက တစ်ဦးကို မက်ဂွဲရား နေရာအတွက် ချိတ်ဆက် စကားပြောမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွီတာအတွက် ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံ ခဲ့ရပါတယ်။

ဂိုးသမား မက်တန်နာဟာ အာဆင်နယ်ကနေ နော်တင်ဟမ် ဖောရက်စ် အသင်းထံ ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့သွားပါပြီ။

ချယ်ဆီးအသင်းဟာ လိဒ်စ် ယူနိုက်တက် ကွင်းလယ်လူ တေလာ အဒမ်ကို စတင် ချိတ်ဆက်နေပြီဖြစ်ကာ ကိုင်ဆီဒို အပြောင်းအရွှေ့ကိစ္စ ဒီအပတ်ထဲ ကြိုးစားမှု မရှိပါဘူး။

မန်စီးတီး ခံစစ်သမား ဝေါ်ကာဟာ ဘိုင်ယန်မြူးနစ်ထံ ပြောင်းမှာ မဟုတ်ဘဲ မန်ချက်စတာမှာပဲ စာချုပ်သစ် ချုပ်ဆိုပြီး ဆက်နေသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ကာဆာဒီကို တစ်ရာသီ အငှားခေါ်ယူဖို့ လက်စတာအသင်းက သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။