မန်ချက်စတာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ဟာ ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားအတွက် ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပါတယ်။
ယူနိုက်တက်ဟာ ခံစစ်ပိုင်း ပြန်လည် အားဖြည့်မှုကို စတင်တော့မှာဖြစ်ပြီး ပါဗက်၊ တိုဒီဘိုနဲ့ တပ်ဆိုဘာတို့ ၃ ဦးထဲက တစ်ဦးကို မက်ဂွဲရား နေရာအတွက် ချိတ်ဆက် စကားပြောမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ လူသစ် ခေါ်ယူရေးတွေအတွက် အားထုတ်လာနေကာ ကွင်းလယ်ကနေ သွင်းဂိုး ပိုရလိုနေတာနဲ့အတူ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွီတာအတွက် ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပါတယ်။
ဂိုးသမား မက်တန်နာဟာ အာဆင်နယ်ကနေ နော်တင်ဟမ် ဖောရက်စ် အသင်းထံ ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့သွားပါပြီ။
ချယ်ဆီးအသင်းဟာ လိဒ်စ် ယူနိုက်တက် ကွင်းလယ်လူ တေလာ အဒမ်ကို စတင် ချိတ်ဆက်နေပြီဖြစ်ကာ ကိုင်ဆီဒို အပြောင်းအရွှေ့ကိစ္စ ဒီအပတ်ထဲ ကြိုးစားမှု မရှိပါဘူး။
မန်စီးတီး ခံစစ်သမား ဝေါ်ကာဟာ ဘိုင်ယန်မြူးနစ်ထံ ပြောင်းမှာ မဟုတ်ဘဲ မန်ချက်စတာမှာပဲ စာချုပ်သစ် ချုပ်ဆိုပြီး ဆက်နေသွားမှာ ဖြစ်ပါတယ်။
ချယ်ဆီး ကွင်းလယ်လူ ကာဆာဒီကို တစ်ရာသီ အငှားခေါ်ယူဖို့ လက်စတာအသင်းက သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီအပတ်မှာပဲ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို အပြီးသတ် ဝယ်ယူဖို့အတွက် ကြိုးစားနေချိန်မှာ ချယ်ဆီးကလည်း ပေါင် ၄၈ သန်းဖြင့် ကမ်းလှမ်းမှု ဝင်ခဲ့ပါပြီ။
လက်တလော ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအသင်းက အာဆင်နယ်အသင်းထံ ချိတ်ဆက်မှု ပြုလုပ်လာပါတယ်။
အာဆင်နယ်နဲ့ ဘရန့်ဖိုဒ့်တို့ဟာ ဂိုးသမား ယာယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် သဘောတူညီမှု ရသွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။