၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ဒီအပတ်မှာ စတင်တော့မှာပါ။ အဆိုပါ ပွဲစဉ်တွေအတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ ခရစ် ဆက်တန်ရဲ့ ခန့်မှန်းတွေက အောက်ပါအတိုင် ဖြစ်ပါတယ်။
Burnley v Man City
တနင်္ဂနွေနေ့က ကွန်မြူနတီဒိုင်းပွဲမှာ စီးတီးရဲ့ ခြေစွမ်းက မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့က ဘောလုံးရာသီကို ခပ်နှေးနှေး စတင်ပြီး အကောင်းဆုံး ပုံစံဖြင့် အဆုံးသတ်တာက ဖြစ်နေပါပဲ။ သူတို့က ချန်ပီယံဖြစ်နေဆဲဖြစ်ပြီး လူစာရင်းမှာ အရည်အချင်းတွေ အများကြီး ရှိထားပါတယ်။
ကျနော် ဘန်လေကို သဘောကျပါတယ်။ သူတို့နည်းပြ ကွန်ပနီ လုပ်နေတာတွေကိုလည်း နှစ်သက်မိတယ်။ ဒါပေမယ့်လို့ အင်္ဂလန်အဆင့်မြင့်တန်းမှာ ကစားပုံကောင်းကောင်း ကစားပြီး ဆက်ရှိနေဖို့ဆိုရင် သူတို့ အများကြီး ပိုခက်ခဲမှာပါ။ မန်စီးတီးက အပြည့်အဝ အရှိန်မရလာသေးပေမယ့်လို့ ဒီပွဲကို အနိုင်ရမှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘန်လေ ၀-၂ မန်စီးတီး
Arsenal v Nottingham Forest
မနှစ်ကရာသီမှာ နော်တင်ဟမ် ဖောရက်စ်က အဆိုးရွားဆုံးသော အဝေးကွင်း ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီနွေမှာတော့ ၂၀၂၂ တုန်းကလို မဟုတ်ဘဲ လူစာရင်း အရမ်းကြီး မပြောင်းလဲတော့ပေမယ့် သူတို့ ခက်ခဲတဲ့ စတင်မှုကို ရင်ဆိုင်ရပါမယ်။
အာဆင်နယ်မှာ ဂျေဆု ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။ ဒီတော့ ကိုင်ဟာဗက်ကို တိုက်စစ်မှာ ကစားစေမလား မေးခွန်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဖောရက်စ်အတွက်တော့ အာဆင်နယ်က ကောင်းလွန်းနေဆဲပါ။ အာတီတာရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ လန်ပျံနေတဲ့ တာထွက်ကို ရလိုပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၀ ဖောရက်စ်
Chelsea v Liverpool
ဒီပွဲက ဘာဖြစ်လာမယ်ဆိုတာ ကျနော် ခန့်မှန်းလို့မရတဲ့ ပွဲတွေထဲက တစ်ပွဲပါ။ အထူးသဖြင့် ချယ်ဆီးကိုပေါ့လေ။ ပိုချက်တီနိုက သိပ်ကံမကောင်းဘဲ အန်ကွန်းကူ ဒဏ်ရာရထားပါတယ်။ ချယ်ဆီးကြည့်ရတာ ကစားသမားတွေ လက်မှတ်ထိုးဦးမယ့်ပုံ မြင်ရပါတယ်။ လီဗာပူးလည်း အတူတူပါပဲ။
ဒီနွေမှာ ချယ်ဆီးကနေ ကစားသမားတွေ ထွက်ခွာသွားတာက ပြဿနာလို့ ကျနော် မထင်ဘူး။ ဘာလို့လဲဆိုတော့ ထွက်သွားတဲ့ ကစားသမားအများစုက မနှစ်တုန်းက သူတို့အသင်းမှာ မကောင်းခဲ့ပါဘူး။ ပိုချက်တီနိုက တိုက်စစ်မှာ ဂျက်ဆန်ကို ထားပြီး လိုအပ်တဲ့ ဂိုးတွေ သွင်းနိုင်အောင် ဖန်တီးမှာပါ။
လီဗာပူးခံစစ်ကလည်း စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဂိုးတွေ အများကြီး ပေးထားရလိုပါပဲ။ တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ်ပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းတာကို မြင်ရပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၃ လီဗာပူး
Man Utd v Wolves
လိုပတ်တီဂူ ထွက်သွားတဲ့နောက် ဝုဗ်တို့ ဘာဖြစ်နေလဲ ကျနော် မသိပါဘူး။ လိုပတ်တီဂူက ဝုဗ်မှာ မပျော်ခဲ့တာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် သူက ပရီးမီးယားလိဂ် မစခင် ၃ ရက်လောက်မှာ ရာထူးက ထွက်ခွာသွားတာပါ။
ဝုဗ်က ကစားသမားကောင်းတွေ ရှိနေဆဲပါ။ အိုးထရတ်ဖိုဒ့်မှာ ရလဒ် တစ်ခုခု ယူဖို့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ သူတို့မှာ သွင်းဂိုးအတွက် ပြဿနာတွေလည်း ရှိနေပါတယ်။
ဒီနွေမှာ ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုတွေ ပြုလုပ်နိုင်ခဲ့တာမို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ အခြေအနေ ဘာဖြစ်လာမလဲ ကျနော် စိတ်ဝင်စားပါတယ်။ သူတို့ စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ်တော့ မထင်ပါဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ်
အခြားပွဲစဉ်တွေအတွက် ဆက်တန် ခန့်မှန်းချက်များ
Bournemouth 1-1 West Ham
Brighton 2-0 Luton
Everton 1-1 Fulham
Sheff Utd 0-1 Crystal Palace
Newcastle 2-1 Aston Villa
Brentford 2-1 Tottenham