ဘယ်ဂျီယံ ကွင်းလယ် ကစားသမား ရိုမီယို လာဗီယာဟာ ဆောက်သမ်တန်ကနေ ချယ်ဆီးအသင်းထံ ပေါင် ၅၈ သန်းဖြင့် ဒီနေ့မှာပဲ တရားဝင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ချယ်ဆီး အသင်းဘက်ကလည်း ဒီကနေ့မှာပဲ ချန်ပီယံရှစ် ကလပ်ကနေ ဘယ်ဂျီယံ လက်ရွေးစင်ကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာ ခဲ့ပါတယ်။ ချယ်ဆီးကစားသမားဟောင်းနဲ့ ဘယ်ဂျီယံ လက်ရွေးစင် ဟာဇက်က လာဗီယာ အပြောင်းအရွှေ့ အပေါ် ဂုဏ်ပြုပေး ခဲ့ပါသေးတယ်။
အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီး အကယ်ဒမီကနေ ပေါ်ထွက်လာသူ ဖြစ်ပါတယ်။ ဒီနွေမှာ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ကြိုးစားပေမယ့် ကစားသမားက လန်ဒန်ကလပ်ကိုပဲ ဦးစားပေး ရွေးချယ်ခဲ့တာပါ။
လာဗီယာက လန်ဒန်ရောက်ရောက်ချင်း အင်တာဗျူးမှာပဲ ‘ ချယ်ဆီးကို ပြောင်းလာရတာနဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်လာရမှာကို ပျော်ပါတယ်။ ချယ်ဆီးက သိပ်ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ အသင်းတစ်သင်းပါ။ ဒီမှာ စတင်ရမှာကို အရမ်း စိတ် လှုပ်ရှားနေပါတယ်။
ပရော်ဂျက်နဲ့ ရည်မှန်းချက်ကြီးမှုတွေက ကျနော် ချယ်ဆီးအသင်းကို ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်းတွေပါပဲ။ နောက်ပြီး ဒီကလပ်ရဲ့ သမိုင်းကြောင်း ကြီးမားမှုပေါ့။ ဒီအချက် ၃ ချက်ကြောင့် ချယ်ဆီးထံ ပြောင်းလာဖို့ ကျနော် စိတ်ပိုင်းဖြတ်ခဲ့တာပါ ’ လို့ ပြောဆိုသွားခဲ့ပါတယ်။
လာဗီယာဟာ ဒီနွေမှာ ချယ်ဆီးအသင်းအတွက် နည်းပြပိုချက်တီနိုရဲ့ နောက်ဆုံး ခေါ်ယူမှု ဖြစ်လာဖွယ်ရှိပါတယ်။