မန်ချက်စတာ ယူနိုက်တက် အစွန် နောက်ခံလူ ဝမ် ဘစ်ဆာကာ ဟာ တံကောက်ကြော ဒဏ်ရာ ရသွားပြီး နှစ်လလောက် နားရတော့မယ် လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသင်းတွင်း ပြသနာ၊ ဒဏ်ရာရ ကစားသမား များပြားမှုတွေလည်း ရှိနေတဲ့ ယူနိုက်တက် အတွက်တော့ ထိုးနှက်မှုကြီး ဖြစ်လာခဲ့ပြီး ယူနိုက်တက် မှာ လူမှုရေး၊ စည်းကမ်းဖောက်မှုနဲ့ ဒဏ်ရာကြောင့် မကစားနိုင်သူတွေ တစ်သင်းစာလောက် ဖြစ်လာပြီ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ ပါဝင် ကစားနိုင်ခြင်း မရှိသူတွေက အောက်ပါ အတိုင်း ရှိပါတယ်။

၁) ဝမ် ဘစ်ဆာကာ (တံကောက်ကြော ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ နိုဝင်ဘာလ

၂) အမ်မရာဘတ် (ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ စက်တင်ဘာ ၂၃ – ဘန်လေနဲ့ပွဲ။

၃) ဗာရန်း (ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ စက်တင်ဘာ ၂၃ – ဘန်လေနဲ့ပွဲ။

၄) မေဆန်မောင့် (ကြွက်သား ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ စက်တင်ဘာ ၂၃ – ဘန်လေနဲ့ပွဲ။

၅) လုခ်ရှော (ကြွက်သား ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ မသိရသေး။

၆) မာလာစီယာ (ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ မသိရသေး။

၇) မိုင်နူး (ခြေကျင်းဝတ် ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ စက်တင်ဘာနှောင်းပိုင်း (သို့) အောက်တိုဘာ။

၈) အာမက် ဒီယာိလု (ဒူး ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ မသိရသေး။

၉) တွမ်ဟစ်တန် (ဒဏ်ရာ)

ပြန်လာနိုင်ဖွယ် ရက်။ ။ မသိရသေး။

၁ဝ) မာတီနက်ဇ် (ကြံ့ခိုင်မှု မပြည့်)

၁၁) ဆန်ချို (စည်းကမ်းပိုင်းကြောင့် ဖယ်ထုတ်ထား)

၁၂) အန်တိုနီ (အမှုဆိုင်နေလို့ ခွင့်မဲ့ပျက်)