ပရီးမီးယားလိဂ် ပွဲတွေမှာ အခြေမလှ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီသီတင်းပတ်ထဲမှာ ချန်ပီယံလိဂ် အုပ်စုပွဲတွေ စတင် ကစားရတော့မှာ ဖြစ်ပါတယ်။

ဒီစနေကပဲ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးပြီးနောက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာ ယူနိုက်တက်က မြူးနစ်သို့ သွားပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင် ကစားရမှာက ယူနိုက်တက် ပရိသတ်တွေ အတွက် ကျောချမ်းစရာ ဖြစ်နေပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဘိုင်ယန်ကို ပြိုင်ဘက်ကောင်း အဖြစ် ရှုမြင်ထားပြီး မြူးနစ်မှာ သူ့ အသင်း ကောင်းကောင်း လုပ်ပြပါမယ် လို့ ကြိုတင် ကတိပြုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရတော့မှာနဲ့ ပတ်သတ်ပြီး တန်ဟက် က ” ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ရမယ့် အခွင့်အရေးကောင်းပေါ့ဗျာ။ အသင်းနဲ့ သက်ဆိုင်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန် ကစားရဖို့ ကျနေ်ာတို့ အားလုံး မျှော်လင့်နေတာပါ။

ဒါပေမယ့် အဲဒီမှာ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ဖိုက်ရမယ်။ အမြဲတမ်း အသင်းလိုက် အနေနဲ့ရော တစ်ဦးချင်းပဲ အရည်အသွေးကို သက်သေပြရမယ်။

မြူးနစ်က ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ ပါပါတယ်။ ဒီတော့ အဲဒီမှာ ကျနေ်ာတို့ ခြေစွမ်း ကောင်းနေရမယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ပြရမယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ည/ ကြာသပတေးနေ့ နံနက် အစော ၁နာရီခွဲ အချိန်မှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ စတင် ယှဉ်ပြိုင် ကစားရမှာပါ။