မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘိုင်ယန်ကို ၄-၃ နဲ့ ရှုံးတဲ့ ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေထဲ အိုနာနာရဲ့ အမှားများ ပါဝင်နေခဲ့ပြီး သရဲနီဟောင်းကြီး ပေါစခိုးလ်ကလည်း ဂိုးဖမ်းတာကလွဲပြီး ကျန်တာကောင်းတဲ့ အိုနာနာ အပေါ် အတော် အားမလို အားမရ ဖြစ်နေခဲ့ပါတယ်။
ကင်မရွန်းသား ဂိုးသမား ဟာ ယူနိုက်တက် ပေးလိုက်ရတဲ့ အဖွင့်ဂိုးမှာ ဆာနေး သွင်းယူမှုကို မဟန့်တားနိုင်တဲ့ အတွက် ထောက်ပြမှုတွေ ခံယူနေရပါတယ်။
သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ ပေါင် ၄၇ သန်းတန် ဂိုးသမ အိုနာနာကအမှားတွေ များစွာ ကျူးလွန်နေပြီး ဒီပုံစံကနေ ကျော်ဖြတ်ဖို့ တိုက်တွန်းရင်း ဝေဖန်မှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။
” သူက ဂိုးပေါက်ထဲမှာ ဂိုးကာကွယ်တဲ့နေရာမှာ အားရစရာ မရှိဘူး ဖြစ်နေတယ်။ သူက ဂိုးဖမ်းဖို့ ဒီကို ရောက်နေတာလေ။ သူက ဘောလုံးကို ခြေထဲမှာ ထား လှုပ်ရှားတာ သိပ်ကောင်းပါတယ်။
ဒါပေမယ့် ဂိုးကာကွယ်တာမှာ အမှားတွေ လုပ်နေတယ်။ ဒါကို သူ ကျော်ဖြတ်နိုင်ဖို့ လိုတယ်။ သူက ပွဲထဲမှာ အမှားတွေ လုပ်ပြီး စိတ်ပျက်စရာတွေချည်း ဖြစ်နေတယ်။
ဒီအမှားတွေကို သူ ၂၄ နာရီလောက် တွေးကောင်းတွေးနေလိမ့်မယ်၊ ဒါပေမယ့် ဒါက ပြီးသွားပြီ။ ပွဲမှာလည်း သူ့ အပေါ် ထောက်ပြစရာတွေ ဖြစ်ခဲ့ပြီ။
သူက အင်တာမီလန် လို ကလပ်အသင်းကြီးမှာ ကစားဖူးတဲ့သူပါ။ ဒီတော့ ဒီဖိအားတွေကို သူ သဘောပေါက်ပြီး ပို ကောင်းကောင်း လုပ်လာနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ” လို့ ပေါစခိုးလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။