အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် တကျော့ပြန် အဖွင့်ပွဲကတော့ လှပသွားပြီ ဖြစ်ပါတယ်။ မနေ့ညက PSV အသင်းကို အိမ်ကွင်းမှာ အာဆင်နယ်တို့ ဧည့်ခံ ကစားခဲ့ရာ ၄-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို ဆာကာ၊ ထရော့ဆက်၊ ဂျေးဆုနဲ့ အိုဒီဂတ် တို့က တစ်ဂိုးစီ သွင်းခဲ့ပြီး မြိုင်ဆိုင် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

၆ နှစ်တာ ကြာမှာ ပြန် ကစားရတဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဂိုးပြတ် နိုင်တဲ့ အတွက် အာဆင်နယ် နည်းပြ အာတီတာက ကျေနပ် ပျော်ရွှင်နေပြီး နိုင်ပွဲကို သူ့ဇနီးဖြစ်သူနဲ့ အောင်ပွဲခံမယ့် အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

” ဒီညကို အေးအေးဆေးဆေး ပျော်မယ်ပေါ့ဗျာ။ အိမ်ပြန်မယ်၊ ကျွန်တော့်ဇနီးနဲ့ နောက်ကျ ဒင်နာလေး ကောင်းကောင်း စားမယ်။ အိမ်ရောက်ချိန်ကျရင်တော့ ကလေးတွေက အိပ်နေလောက်ပြီ။ ဒါပေမယ့် ပွဲကိုတော့ သူတို့ ကြည့်မှာ သေချာပါတယ်။

လောလောဆယ် အချိန်ကို ပျော်ရွှင် အောင်ပွဲခံပြီးရင် မနက်ဖြန် မနက်မှာ တော့တင်ဟမ်နဲ့ ပွဲ အတွက် စ ပြင်ရတော့မယ်။ ” လို့ အာတီတာက သူ့ရဲ့ ရိုးရှင်းတဲ့ အစီအစဉ်ကို ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် သီတင်းပတ်ကုန်မှာ တောတ့င်ဟမ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒါကြောင့်လည်း PSV နဲ့ ပွဲမှာ အနိုင်သေချာပြီးနောက် အဓိက ကစားသမားတွေကို လူစားလဲ အနားပေးမှုတွေပါ ပြုလုပ်ခဲ့ပါတယ်။