တနင်္ဂနွေနေ့က အာဆင်နယ် ၁-၀ မန်စီးတီး ပွဲအပြီး ကစားသမားတွေ အဝတ်လဲခန်းထဲ ပြန်ဝင်ကြချိန်မှာ ခံစစ်သမား ဝေါ်ကာနဲ့ အာဆင်နယ်နည်းပြ အဖွဲ့ဝင် တစ်ဦးတို့ စကားများခဲ့ကြပါတယ်။
ဝေါ်ကာကို ဝင်ဆွဲဖို့ ကြိုးစားရင်း ဟာလန်း အပါအဝင် နှစ်သင်း အဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြတဲ့ အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်ဟာ အာဆင်နယ်နည်းပြက ပွဲအပြီး အဝတ်လဲခန်းထဲ တန်းဝင်သွားဖို့ ကြိုးစားနေတဲ့ ဝေါ်ကာကို ကွင်းဘေးနားမှာ လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့တာက စတင်တယ်လို့ သိရပါတယ်။
၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း မန်စီးတီးမှာ နည်းပြအဖြစ် အလုပ်လုပ်ခဲ့ပြီး လက်ရှိ အာတီတာရဲ့ အသင်းမှာ set-piece coach တာဝန်ကို ယူထားတဲ့ Nicolas Jover က လက်ဆွဲနှုတ်ဖို့ ကြိုးစားပေမယ့် ဝေါ်ကာက ငြင်းဆန်ခဲ့ပါတယ်။
အဲ့ကစလို့ ပြဿနာစခဲ့ခြင်းဖြစ်ကာ ဟာလန်းက သူ့အသင်းဖော်ကို ဝင်ဆွဲဖို့ ပါဝင်လာခဲ့ပြီး အာဆင်နယ် ဝန်ထမ်းတွေကပါ ကြားဝင်ဖို့ လုပ်ဆောင်ခဲ့ရာက နှစ်သင်း အခြေအနေ ပိုတင်းမာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်အတွက် ဂွာဒီယိုလာကတော့ ‘ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျနော် သိပါတယ် ဒါပေမယ့် ဘာမှ ထုတ်ပြောပေးမှာ မဟုတ်ဘူး။ ဘာဖြစ်ခဲ့တယ် ဆိုတာ အာဆင်နယ်အသင်း သိပါတယ် ‘ လို့ပဲ တုန့်ပြန်ခဲ့ပါတယ်။
မန်စီးတီးကို အနိုင်ရအပြီး အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်မှာ စပါးအသင်းနဲ့ ပူးတွဲရပ်တည်နိုင်ခဲ့တယ်။ နည်းပြအာတီတာကတော့ ဝေါ်ကာဖြစ်ရပ်ကို သူမြင်တွေ့ခြင်း မရှိဘူးလို့ တုန့်ပြန်သွားပါတယ်။