မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ နွေတုန်းက ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်ကြောင့် မခေါ်ယူနိုင်ခဲ့တဲ့ ခံစစ်မှူး သစ် တစ်ဦး ကို ဇန်နဝါရီမှာ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
လာမယ့်နွေမှာ မက်ဂွဲရား၊ အီဗန်၊ လင်ဒီအော့တို့ မန်ချက်စတာကနေ ထွက်ခွာသွာဖို့ ရှိနေသလို မာတီနက်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် ယူနိုက်တက် တာဝန်ရှိသူတွေ ရည်မှန်းထားပါတယ်။
ဘောလုံးရာသီ ဒုတိယပိုင်းအတွင်း အင်အားဖြည့်မှု ပြုလုပ်ဖို့အတွက် အခုတည်းက ခံစစ်မှူးသစ်ကို စတင်ရှာဖွေနေပြီလို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့တယ်။
ယူနိုက်တက် စောင့်ကြည့်နေတဲ့ ခံစစ်မှူး ၄ ဦးကတော့ ပြင်သစ်ကလပ် နိုက်အသင်းမှ တိုဒီဘို၊ ဂျာမနီကလပ် လေဗာကူဆင်မှ တပ်ဆိုဘို၊ ပေါ်တူဂီကလပ် ဘင်ဖီကာမှ အန်တိုနီ ဆေးဗားနဲ့ စပို့တင်းမှ အန်နာဆီယိုတို့ပဲ ဖြစ်ကြပါတယ်။
ယူနိုက်တက်ဟာ အန်နာဆီယိုကို အတော်လေး သဘောကျနေပြီး ပေါ်တူဂီလိဂ်ထံ ကင်းထောက်လွတ် စောင့်ကြည့်မှုပါ ပြုလုပ်ထားခဲ့တယ်လို့ သိရတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ် ခေါ်ယူမှုဟာ ခံစစ်မှူးဖြစ်လာမယ့် အလားအလာတွေ များနေခဲ့ပြီ ဖြစ်ပါတယ်။