နည်းပြ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးဟာ ဒီရာသီ ရလဒ်ဆိုးတွေကြောင့် ယိမ်းယိုင်နေပြီ ယူဆခဲ့ကြရတာပါ။ ဒါပေမယ့် တန်ဟက်ရဲ့ အနေအထားက ခိုင်မာနေဆဲ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ နယ်သာလန်သား ကို ကလပ်အား ရှေ့ဆက်တိုးအောင် ခေါ်ဆောင်ပေးနိုင်မယ့် သူ လို့ ရှုမြင်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ မှာ ယူနိုက်တက် က ရလဒ်တွေ ဆိုးဝါးနေသည့်တိုင် ဒီသဘောထားက မပြောင်းလဲကြပါဘူး။

ဒီတလော ရလဒ်တွေကြောင့် အသင်း မန်နေဂျာ အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ မရှိအောင် ကလပ် အကြီးအကဲတွေက လုပ်နိုင်တာ အကုန်လုပ်ပြီး အစွမ်းကုန် ကာကွယ်သွားဖို့လည်း ဆန္ဒရှိနေကြတယ် လို့ သိရပါတယ်။

တန်ဟက်ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် နိုင်ပွဲ ဆက် ပြန်ယူနိုင်ဖို့ အာရုံစိုက်နေပြီး ချန်ပီယံလိဂ်မှာပါ ရလဒ်ကောင်းတွေ ရယူဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်မှာ ဒဏ်ရာ ပြသနာတွေ လျော့ပါးလာနေပြီး အသင်းတွင်း ပြသနာတွေကိုတော့ အချိန်ယူ ဖြေရှင်းရဖွယ် ရှိနေပါသေးတယ်။

တန်ဟက်နဲ့ ငြိထားတဲ့ ဂျေဒန် ဆန်ချိုကိုလည်း ယူနိုက်တက်က ဆက်ထိန်းမထားဘဲ ဇန်နဝါရီမှာ လက်လွှတ်ဖို့ ရှိနေပါတယ်။