နောက်လ နိုဝင်ဘာလထဲ မန်စီးတီးနဲ့ လီဗာပူးအသင်း ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အား ပရိသတ်တွေရဲ့ အခက်အခဲကို စိုးရိမ်မှုကြောင့် နောက်ကျမှ ကစားခွင့်ပေးဖို့ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

ဒီကလပ်နှစ်သင်းဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ အီတီဟတ် ကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ရမှာပါ။ သို့ပေမယ့် ရဲအဖွဲ့ အပါအဝင် ဒေသတွင်းအဖွဲ့တွေရဲ့ အကြံပေးချက်အရ ပွဲချိန်ကို ရွေ့ဆိုင်းမှု ပြုလုပ်မှာဖြစ်ပါတယ်။

ဒါကြောင့် ညပွဲဖြစ်ရမယ့်အစား ဗြိတိန် စံတော်ချိန် နေ့ခင်း ၁၂ နာရီခွဲကို ပြောင်းရွှေ့ ကစားမယ်လို့ သိရပါတယ်။

ဒီလို ရွေ့ပြောင်းခြင်း နောက်ဆက်တွဲအဖြစ် မူလက နေ့ခင်း ၁၂ ခွဲမှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖိုဒ့် vs အာဆင်နယ် ပွဲစဉ်က ညပိုင်း ၅ နာရီခွဲကို ပြောင်းကစားရမှာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ မန်ချက်စတာကလပ်နဲ့ မာဆေးဆိုဒ်ကလပ်တို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေဟာ ပရိသတ် အားပေးမှု မြင့်မားတာပါ။ ပွဲအားပေးမှုဟာ အနည်းငယ် ကြမ်းတမ်းတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်တွေ ဖြစ်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။

ပွဲနေ့ အကြံပေးတွေကတော့ လုံခြုံရေးအတွက် အဝေးကွင်း ပရိသတ် ဝင်ခွင့်ကို လျော့ချဖို့ တိုက်တွန်းခဲ့ကာ အီတီဟတ်ကွင်းက ပွဲမှာတော့ လီဗာပူးအသင်းကို ပွဲထိုင်ခုံ ၃၀၀၀ ပေးရမှာဖြစ်ပေမယ့် လျော့ချပြီး ၂၄၀၀ ပဲပေးမယ်လို့ သိရတယ်။