စနေနေ့ ညနေခင်း ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ် မှာတော့ လီဗာပူးအသင်းဟာ မာဆေးဆိုဒ်ဒါဘီ ပြိုင်ဘက် အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံပြီး ဆာလာရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

နိုင်ငံတကာသီတင်းပတ်အပြီး ပြန်စတင်တဲ့ ပွဲစဉ်ဖြစ်တာမို့ ကြည့်ရတာ လေးပင်ပါတယ်။ လီဗာပူးက ကောင်တာ အခွင့်အရေးကောင်းတွေ ရပေမယ့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။

ဧည့်သည် အဲဗာတန် အသင်းထံကလည်း ထူးချွန်တဲ့ ခြေစွမ်းမျိုး မမြင်ရဘဲ ခံစစ်ကို ကာကွယ်ပုံကတော့ ကျစ်လစ်မှု ရှိခဲ့ပါတယ်။

ဒီယက်ဇ်လို တောင်ပံသမားကို ထိန်းဖို့ အသက် ၃၈ နှစ်အရွယ် အက်ရှလေယန်းကို တာဝန်ယူစေတာက အတော်လေး နားလည်ရခက်ပြီး ယန်းဟာ ဒီယက်ဇ်ကို ပြစ်ဒဏ်တွေ ကျူးလွန်ရင်း ၂ ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရတာကြောင့် အဲဗာတန် တို့ ၁ဝ ယောက်တည်းနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

လီဗာပူးဘက်က ကစားပုံ သိပ်မကောင်းခဲ့ဘဲ အထူးသဖြင့် အဆုံးသတ်ပိုင်းတွေမှာ အားနည်းချက်ကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့်လို့ အဲဗာတန် ခံစစ်သမား ကိန်းရဲ့ မလိုအပ်ဘဲ လက်ထုတ်ထားမှုကနေ ပင်နယ်တီရခဲ့ကာ ဆာလာက ပိတ်သွင်းပြီး ဦးဆောင်ဂိုး ယူခဲ့တယ်။

မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ပြီးခါနီးမှာ ဆာလာ ကပဲ ဒုတိယ ဦးဆောင်ဂိုး ရယူသွားတာကြောင့် လီဗာပူးတို့ ၂-၀ နဲ့ အနိုင်ရလဒ် ပြတ်သားသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးအသင်းဟာ ဒီည စပါး၊ အာဆင်နယ်နဲ့ မန်စီးတီးပွဲတွေ မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။