မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စာချုပ်ကုန်လို့ လမ်းခွဲခဲ့ပြီး ဖြစ်တဲ့ ဝါရင့် ဂိုးသမား ဒီဂီယာကို အိုးထရက်ဖို့ဒ် ထံ ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြသွားပါတယ်။
ဒီနွေကပဲ နှစ်ဘက် စာချုပ်ကုန်ဆုံးချိန်မှာ အနာဂတ်သစ်အတွက် ရွေးချယ်နိုင်ကြောင်း ခွင့်ပြုမှုနဲ့အတူ ယူနိုက်တက်ဟာ ဒီဂီယာကို အလွတ်ဖြင့် လက်လွတ်ခဲ့တာပါ။ ဒီဂီယာ နေရာ အစားထိုးဖို့ အင်တာမီလန်မှ ဂိုးသမား အိုနာနာကို ယူနိုက်တက်တို့ ပြန် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီရာသီမှာ ပေါင် ၄၇ သန်းဖြင့် ခေါ်ယူထားတဲ့ အိုနာနာထံက မတည်ငြိမ်တဲ့ လက်စွမ်းတွေရယ်၊ ဇန်နဝါရီမှာ အာဖရိက ဖလားပွဲကြောင့် ပွဲ တော်တော်များများ ကင်မရွန်းသားကို လက်လွှတ်ရမှာရယ်ကြောင့် ယူနိုက်တက်က ဒီဂီယာကို ပြန်လည် ခေါ်ယူဖို့ ဖြစ်လာခဲ့တယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ အခုထိ အသင်းသစ် မတွေ့သေးဘဲ ကလပ်လက်မဲ့ဖြစ်နေဆဲ စပိန်သား ဂိုးသမားကို ကာလတို အဖြစ် ၃ လ စာချုပ်နဲ့ ခေါ်ယူလိုနေပါတယ်။
ယူနိုက်တက်ဟာ ၁၂ ရာသီ ကစားခဲ့ပြီး ၄ ရာသီတိုင် ကလပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဒီဂီယာကို လုပ်ခ လျော့ချတဲ့ စာချုပ်သစ် ညိနှိုင်းမှုဖြင့် စကားပြောမှု အဆင်မပြေခဲ့ခြင်းက နှစ်ဘက် လမ်းခွဲရမှုဖြစ်လာခဲ့တယ်။
ဇန်နဝါရီမှာ အိုနာနာဟာ အာဖရိကဖလား ပွဲစဉ်အတွက် ကင်မရွန်းအသင်းနဲ့ ပူးပေါင်းရမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ပွဲစဉ် ၈ ပွဲကို လွဲချော်သွားမှာပါ။ အဆိုပါ ကာလအတွင်း လုံခြုံစိတ်ချရမှုတွေ ဖြစ်စေရေး ယူနိုက်တက်က ဒီဂီယာကို ပြန်ပြီး စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
ဒီဂီယာအတွက်ကတော့ မန်ချက်စတာကို ပြန်လာပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့ရာ အထိုင်ကျရေး ခက်ခဲမှာတော့ မဟုတ်ဘဲ ကာလတို စာချုပ်ကို လက်ခံမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။