ဗြိတိန် သန်းကြွယ် သူဌေးကြီး ဆာ ဂျင် ရက်ကလစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်အဖွဲ့ထဲ ဝင်ရောက်လာပြီးရင် ဘောလုံးဆိုင်ရာ အော်ပရေးရှင်း ပြုလုပ်မှာဖြစ်ကာ စွမ်းဆောင်ရည် မပြနိုင်တဲ့ ကစားသမား ၃ ဦးကို စတင် ရှင်းထုတ်မယ်လို့ သိရပါတယ်။
ဂလေဇာ မိသားစုထံကနေ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ဝယ်ယူမှု အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်တဲ့ ရက်ကလစ်က နည်းပြတန်ဟက်ရဲ့ လူစာရင်းကို အကြီးအကျယ် ပြင်ဆင်ဖို့လည်း ပလန် ရေးဆွဲထားပြီး ဖြစ်ပါတယ်။
ဗြိတိန်ဘီလျံနာဟာ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကလပ်ရဲ့ အဆောက်အဦးပိုင်းတွေ တိုးတက်လာရေးမှာ ပေါင် ၂၄၅ သန်း အကုန်အကျခံပေးမှာ ဖြစ်ပါတယ်။
သို့ပေမယ့် တန်ဟက်ရဲ့ အသင်းကို အချိန်မီ ကုစားမှု လုပ်ဖို့ကလည်း အရေးကြီး ပလန်တစ်ခု ဖြစ်တာနဲ့အတူ ပေါင် ၇၃ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဆန်ချို၊ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူခဲ့တဲ့ အန်တိုနီနဲ့ မာရှယ်တို့ကို ရှင်းထုတ်သွားဖို့ ရက်ကလစ်က ကြိုးစားမှာပါ။
ဒါ့အပြင် ဆာအဲလက်စ်နောက်ပိုင်း အသုံးစရိတ် ပေါင် ၁.၄ ဘီလျံထိ သုံးထားပေမယ့် အလုပ်မဖြစ်ရခြင်း အကြောင်းရင်း တွေကိုလည်း ရက်ကလစ်က လေ့လာသုံးသပ်သွားပါမယ်။
စီးပွားရေးသမားဖြစ်တဲ့ ရက်ကလစ်ကတော့ ငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှုတွေကို မုန်းတီးတာမို့ ကလပ်ရဲ့ ငွေသုံးမှုတွေကို အဓိပ္ပာယ်မဲ့ မဖြစ်ရေး ဦးဆောင်မှာပါ။
ယူနိုက်တက်ရဲ့ ကလပ်တွင်း မောင်းနှင်မှုတွေကို ပြန်ပြီး ကုစားခြင်းကပဲ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ပြီး တက်လာစေမယ်လို့ ရက်ကလစ်တို့က ယုံကြည်နေတာ ဖြစ်ပါတယ်။