တော့တင်ဟမ် စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဒီအပတ် ပွဲစဉ်တွေ အတွက် သုံးသပ် ခန့်မှန်းချက်တွေကို အခုလို ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

Arsenal v Burnley

နယူးကာဆယ်ကို ရှုံးထားတဲ့နောက် အာဆင်နယ်တို့ သန်မာစွာဖြင့် ပြန်လာနိုင်ဖို့ လိုအပ်နေပါတယ်။ နယူးကာဆယ်ပွဲကြောင့် စကားတွေအများကြီး ပြောထားရတဲ့ ကိစ္စကလည်း စိတ်ဓါတ်ပိုင်းအရ ခက်ခဲစေပါတယ်။ ကျနော်ကတော့ အိမ်ရှင်အသင်းပဲ နိုင်မယ်လို့ ပြောမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဘန်လေ

Wolves v Tottenham

ချယ်ဆီးကို အရေးနိမ့်အပြီး စပါးတို့ ပြန်သုံးပြန်ရမယ့် စမ်းသပ်မှုကြီးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဝုဗ်ကလည်း လှည့်ဖျားမှုများတဲ့ ပြိုင်ဘက်ဆိုပေမယ့် စပါးပဲ အနိုင်ရမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဝုဗ် 1-2 စပါး

Manchester United v Luton

မန်ချက်စတာ ယူနိုက်တက်က ဂရုစိုက်ဖို့ လိုလာနေပါပြီ။ ဇယားအောက်ခြေက အသင်းတွေဟာ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ ယူနိုက်တက် အနေနဲ့ နိုင်မှရမယ့် ဒီပွဲစဉ်ကို အနိုင်ရသွားပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-0 လူတန်တောင်း

Liverpool v Brentford

လူတန်တောင်းပွဲတုန်းကလို မဖြစ်အောင်လို့ လီဗာပူးအသင်း ကိစ္စတွေကို မှန်မှန်ကန်ကန် လုပ်ဖို့ လိုပါတယ်။ အန်ဖီးက သူတို့ကို ကျားကန်ပေးထားမှာဆိုတော့ ဒီပွဲမှာ လီဗာပူးပဲ နိုင်သွားပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 ဘရန့်ဖို့ဒ်

Chelsea v Manchester City

စပါးကို ရင်ဆိုင်ပြီး ချယ်ဆီးတို့ နိုင်ခဲ့ပေမယ့် ၉ ယောက်ကျန် ပြိုင်ဘက်ကို အနိုင်ရခြင်း ဖြစ်ပါတယ်။ ချယ်ဆီးက ပြိုင်ဘက်တွေကို ခပ်လွယ်လွယ် ဂိုးသွင်းခွင့်တွေ ပေးနေပြီး စီးတီးမှာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သမား အချို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မန်စီးတီးကို ရင်ဆိုင်ရမှာက ခက်ခဲပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1-3 မန်စီးတီး

အခြားပွဲစဉ်များ အတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Crystal Palace 1-1 Everton
  • Bournemouth 1-1 Newcastle
  • Aston Villa 3-1 Fulham
  • Brighton 2-0 Sheffield United
  • West Ham 1-0 Nottingham Forest