အင်္ဂလန် နာမည်ကြီး ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် သုံးသပ် ခန့်မှန်းချက်တွေ ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။

Wolves v Tottenham

စပါးက မက်ဒီဆန်နဲ့ ဗန်ဒီဗန် ဒဏ်ရာ ရနေသလို ရိုမဲရိုးနဲ့ Destiny Udogie တို့ ပွဲပယ် ခံထားရတာကြောင့် လူအင်အား အတော် ထိထားပါပြီ။ ဝုဗ်ကွင်းကို လာ ကစားမယ့် စပါးအသင်းက အတော် အားပျော့နေမှာပါ။ ဝုဗ်က ခြေစွမ်း တက်လာတာကြောင့် ဒီပွဲကိုတော့ သရေ လို့ မှန်းပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝုဗ် 1-1 စပါး

Arsenal v Burnley

ပရီးမီးယားလိဂ်ပွဲ ၄ ပွဲ ဆက် ရှုံးထားတဲ့ ဘန်လေ လို အသင်းနဲ့ တွေ့ရမှာ အာဆင်နယ် ပြဿနာ မရှိနိုင်လောက်ဘူး။ ဘန်လေက ဂိုးကွာခြားချက်ကြောင့်သာ ဇယား အောက်ဆုံး နေရာမှာ မရှိနေတာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဘန်လေ

Manchester United v Luton

မန်ချက်စတာ ယူနိုက်တက်က ကိုပင်ဟေဂင်နဲ့ ပွဲမှာ ရက်ဖို့ဒ် အထုတ်မခံရခင်ထိ ပထမပိုင်း မိနစ် ၄ဝ လုံး အတော် ကောင်းကောင်း ကစားသွားခဲ့တာပါ။ ဘောလုံးနဲ့ အတူလည်း ရဲရဲရင့်ရင့် ရှိတယ်၊ ကောင်းကောင်း အသုံးချနိုင်တယ်။ သိပ်တော့ ကြာကြာ လုပ်မပြနိုင်ခဲ့ပေမယ့်လို့ပေါ့။

ဒါတွေ အားလုံးကို ထည့်တွေးပြီးတဲ့ အခါမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲကို အနိုင်ယူနိုင်လောက်တယ် လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပွဲတုန်းကလိုပေါ့။ လွယ်ကူမှာတော့ မဟုတ်ဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 2-1 လူတန်တောင်း

Liverpool v Brentford

ဒီပွဲက ခန့်မှန်းဖို့ မလွယ်လှဘူး။ ပြီးခဲ့တဲ့ အပတ် က လူတန်နဲ့ ပွဲ အတွက် လီဗာပူးကို ကျွန်တော် ခန့်မှန်းတာ မှားခဲ့တယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ် အရင် ပုံစံ ပြန် ဖြစ်လာတာက ဒီပွဲ အိမ်ရှင်တွေပဲ သေချာပေါက် နိုင်သွားမယ်လို့ အဓိက တွေးမိတဲ့ အကြောင်းအရင်း ဖြစ်နေတယ်။

တချက် ထ တောက်ပပြီးတဲ့နောက် ဘရန့်ဖို့ဒ် က ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် လီဗာပူးအသင်း title race ထဲမှာ ဆက် ပါချင်နေတယ် ဆိုရင် ဒီပွဲကို နိုင်မှ ဖြစ်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 ဘရန့်ဖို့ဒ်

Chelsea v Manchester City

ချယ်ဆီးရဲ့ နီကိုးလပ်စ် ဂျက်ဆန် ပြီးခဲ့တဲ့ အပတ် စပါးကို သွင်းခဲ့တဲ့ ဟက်ထရစ်က ပရီးမီးယားလိဂ်မှာ အညံ့ဆုံး ဟက်ထရစ် လို့ ပြောရမလိုပဲ။ ဒါပေမယ့် ဟက်ထရစ်က ဟက်ထရစ်ပဲ ဖြစ်ပြီး သူ့ ယုံကြည်မှုလည်း နည်းနည်း တက်လာမှာပါ။

ဘယ်သူ ဝင် ကစား ကစား၊ စီးတီးကတော့ အညှာအတာ မရှိဘူး။ သူတို့ နှစ်ဂိုးလောက် အသာနဲ့ နိုင်ပါမယ်။ မေးခွန်း ထုတ်စရာ တစ်ခု ကျန်တာက ချယ်ဆီး ဂိုးသွင်းနိုင်မလား ဆိုတာပါပဲ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 0-2 မန်စီးတီး

အခြားပွဲစဉ်များ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

  • Crystal Palace 0-0 Everton
  • Bournemouth 1-2 Newcastle
  • Aston Villa 2-0 Fulham
  • Brighton 3-0 Sheffield United
  • West Ham 2-1 Nottingham Forest