ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်းကြီး ရော်ဘီ ဆားဗေ့ချ် ကတော့ အာဆင်နယ် နောက်ခံလူ ဘမ်ဝှိုက်ဟာ လီဗာပူးမှ ထရန့် အလက်ဇန်းဒါး အာနိုးထက် သာတယ် လို့ သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ အာဆင်နယ် ခံစစ်သမား ဘမ်ဝှိုက်ဟာ ညာအစွန်လူနေရာကနေ တိုးတက်လာခဲ့တယ်လို့ ဆားဗေ့ချ် က ချီးကျူးခဲ့ပါတယ်။

ခံစစ်မှူးအဖြစ် အာဆင်နယ်က ပေါင် သန်း ၅၀ ပေးပြီး ခေါ်ယူခြင်း ခံခဲ့ရတဲ့ ဘမ်ဝှိုက်ဟာ ညာအစွန်နေရာမှာ အဓိက ကစားရသူပါ။ သူ့ရဲ့ လက်ရှိ ခြေစွမ်းတွေအရ ညာအစွန်မှာ အင်္ဂလန်အသင်းဖော် ထရန့်ကို ကျော်ပြီး နည်းပြ ကလော့ပ်ရဲ့ နေရာပေးခြင်းတောင် ရလိမ့်မယ်လို့ ဆားဗေ့ချ် က ယူဆထားပါတယ်။

“ ဘမ်ဝှိုက်က လီဗာပူးရဲ့ ညာခြမ်းကို ပိုပြီး တောင့်တင်းစေမှာလား?” လို့ ဝေးလက်ရွေးစင်ဟောင်း ဆားဗေ့ချ်က ဆွေးနွေးမှု တစ်ခု လုပ်ခဲ့ပါတယ်။

သူကပဲ “ ဘမ်ဝှိုက်က အာဆင်နယ်အသင်းမှာ ညာအစွန်လူအဖြစ် အဓိက ပွဲကစားထားရသူ ဖြစ်ပါတယ်။ သူက ထရန့်ကို ကျော်ပြီး ဦးစားပေး ကစားသမားတောင် ဖြစ်နိုင်ပါတယ်။ သူ့က ဘယ်လောက်တောင် တန်ကြေးရှိသလဲ?

အာဆင်နယ်က ဘမ်ဝှိုက်ကို ခေါ်ယူဖို့ ပေါင် သန်း ၅၀ သုံးခဲ့ရတယ်။ မနှစ်ကရာသီ မန်စီးတီးကို စိန်ခေါ်ခဲ့တဲ့ အသင်း မှာ အဓိက ကစားသမားဖြစ်ခဲ့တယ်။ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲ ၁ ပွဲပဲ လွဲချော်ပါသေးတယ်။ သူ အခုဆို ဘယ်လောက်တောင် တန်နေမလဲ ?” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘမ်ဝှိုက်ဟာ အင်္ဂလန်အသင်းမှာတော့ နေရာရသူ မဟုတ်ဘဲ ကမ္ဘာ့ဖလားမှာ နည်းပြဆောက်ဂိတ်နဲ့ အဆင်မပြေလို့ လူစာရင်းက နှုတ်ထွက်ခဲ့ကြောင်း သတင်းတွေ ထွက်ထားသေးတာ ဖြစ်ပါတယ်။