ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဝုဗ် vs တော့တင်ဟမ် စပါး

ဒီပွဲကတော့ စိတ်ဝင်စားစရာပါပဲ။ ဒဏ်ရာတွေ ပွဲပယ်တွေကြားက ဝုဗ်ကို စပါးတို့ အနိုင်ရခဲ့ရင် ကျနော် အံ့ဩမိမှာပဲ။ စပါးအသင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာ ကိစ္စတွေ ရှိနေတယ်လို့ ကြားထားရပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဝုဗ် 2-1 တော့တင်ဟမ် စပါး

မန်ချက်စတာ ယူနိုက်တက် vs လူတန်တောင်း

လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လူတန်တောင်းက အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့ လီဗာပူးကို ၁-၁ ကစားနိုင်ခဲ့တယ်။ အဲ့ကနေ သူတို့ ယုံကြည်မှုကောင်း ရခဲ့မယ် ဆိုပေမယ့် ဒီပွဲကို မန်ယူနိုက်တက်တို့ သက်သောင့်သက်သာနဲ့ အနိုင်ရမှာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 3-0 လူတန်တောင်း

အာဆင်နယ် vs ဘန်လေ

အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ဆီးဗီးလာကို ၂-၀ နဲ့ ကြားရက်တုန်းကပဲ နိုင်ပွဲကောင်းရထားပါတယ်။ နယူးကာဆယ်ကို စိတ်ပျက်ဖွယ် VAR ဆုံးဖြတ်ချက်ဖြင့် အရေးနိမ့်ခဲ့အပြီး ဒီလို နိုင်ပွဲရတာက သူတို့အတွက် သိပ်ကောင်းပါတယ်။ ဒီပွဲမှာ အာဆင်နယ် အနိုင် ၃ မှတ်ကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဘန်လေ

လီဗာပူး vs ဘရန့်ဖို့ဒ်

ဒီပွဲမှာ လီဗာပူးဘက်က ကျနော် ရှိပါမယ်။ သူတို့ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ မှန်ကန်တဲ့ စိတ်ဓါတ်ပိုင်းနဲ့ ပွဲကို ပြန်ပြီး ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ အဲ့လိုလုပ်နိုင်ရင် ဒီပွဲကို သူတို့ အေးဆေးလေး အနိုင်ရမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-0 ဘရန့်ဖို့ဒ်

ချယ်ဆီး vs မန်စီးတီး

ချယ်ဆီးက စီးတီးကို ဒုက္ခတွေပေးမှာပါ။ ဒါပေမယ့် ချယ်ဆီးနိုင်သွားမယ်တော့ မမြင်ပါဘူး။ ဒီပွဲကို သူတို့ နိုင်သွားခဲ့ရင် အတော်လေး အံ့ဩမိမှာပါပဲ။ အကြောင်းရင်း တစ်ခုက မန်စီးတီးမှာက ပွဲအဖြေကို ပြောင်းလဲစေနိုင်မယ့် ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီပွဲ ချယ်ဆီး သရေကျဖို့ မျှော်လင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1-1 မန်စီးတီး

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်

  • Crystal Palace 1-1 Everton
  • Bournemouth 0-3 Newcastle
  • Aston Villa 2-0 Fulham
  • Brighton 2-0 Sheffield United
  • West Ham 2-0 Nottingham Forest